Fukushima 50 (အင်္ဂလိပ်ဘာသာ)
ဂျပန်ဘာသာ တို့အားကိုးကားပါသည်။
ဂျပန်နိုင်ငံတွင်လတ်တလောအရေးကြုံနေသောဖုကုရှိမဒေသရှိ၊ အမှတ်(၁)အနုမြူစွမ်းအင်
သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ကြံ့ကြံ့ခံတာဝန်ထမ်းဆောင်နေသော ၀န်ထမ်း၅၀ဦး
ဧ။်အကြောင်းသည် ဂျပန်တစ်နိုင်ငံလုံးတွင်သာမက နိုင်ငံအသီးသီးသို့ပါပျံ့နှံ့အမည်ကျော်
ခဲ့လေသည်။ ယင်းအပြင် ဖုကုရှီမ အနုမြူပေါင်းဖိုအရေးခင်းတွင် ဂျပန်ဝန်ကြီးချူပ်ထက်ပင်
တီဗွီတွင် ကြိမ်ဖန်များစွာ သတင်းစာရှင်းလင်းပွဲလုပ်ရသော၊ မေးမြန်းချက်များဖြေကြားခြင်း၊
သတင်းထုတ်ပြန်ခြင်းတို့ကိုဆောင်ရွက်နေသော တိုကျိုလျှပ်စစ်ဧ။်ဥပဒေအကြံပေးဝန်ထမ်းတဦးဖြစ်သူ 内閣官房長官 (the Chief Cabinet Secretary တနည်း နိုင်ငံတော်အစိုးရ
အဖွဲ့အတွင်းရေးမှူး) နှင့် Minister of State for Special Missions (Okinawa နှင့်
မြောက်ပိုင်း တာဝန်ခံ) (တနည်း အထူးမစ်ရှင် ၀န်ကြီး အိုကီနာဝါနှင့်မြောက်ပိုင်းဒေသ
တာဝန်ခံ) (အထူးမစ်ရှင်ဝန်ကြီးသည် ပြည်ထဲရေးဝန်ကြီးထဲတွင်အပါဝင်ဖြစ်သည်။)
အဲဒနို(EDANO)ဟုဆိုသူမှာလည်းအလားတူ အမည်ကျော်ခဲ့ပြီး twitterကဲ့သို့သော
မက်ဆေ့ခ်ျများတွင် ကမ္ဘာအနှံ့မှ အဲဒါနို အိပ်ပါဦး ဟုပင် ရယ်ရခက်ငိုရခက် အကြံပေး
တိုက်တွန်းခံရသူဖြစ်ပေသည်။
ဧ။်နောက်ဆက်တွဲဆူနာမီပင်လယ်လှိုင်းလုံးကြီးများကြောင့်ဖုကုရှိမနူကလီးယားစွမ်းအင်သုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံဧ။် အနုမြူပေါင်းဖိုဧ။်အအေးခံစနစ်ရပ်တန့်သွားရာ၊ ယင်းကိုပြန်
လည်ပြုပြင်သည့်လုပ်ငန်းအတွက် ယင်းစက်ရုံတွင် ၀န်ထမ်းပေါင်း၈၀၀ခန့်ဖြင့်ဆောင်ရွက်
ခဲ့လေသည်။ သို့သော်၊ အသက်ကိုပဓါနမထားပဲ တာဝန်ထမ်းဆောင်နေသောအလုပ်ပင်
ဖြစ်ငြား နူပေါင်းဖိုအမှတ်၁စက်ရုံဧ။် ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုစသည့်အနုမြူပေါင်းဖိုအကာ
အဆောက်အဦး
ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ၃လပိုင်း၁၅ရက်နေ့တွင်မူကား နူပေါင်းဖို စက်အမှတ်၎မှပေါက်
ကွဲမှုနှင့်မီးလောင်မှုများ ဖြစ်ပွားခဲ့ပေသည်။ ယင်း စက်အမှတ်၎ဧ။်ပေါက်ကွဲမှုသည် အသုံး
ပြုပြီးသား နူကလီးယားလောင်စာများထားရှိရာရေကန်တွင် သိမ်းဆည်းထားရှိသော အသုံး
ပြုပြီးသား နူကလီးယားလောင်စာများက အဆောက်ဦး(နူကလီးယားပေါင်းဖိုရှိရာ)ဧ။် အပေါ်
ပိုင်းတွင်ထားရှိပြီး၊ အထက်ပါပေါက်ကွဲမှုကြောင့် ယင်းလောင်စာများမှရေဒီယိုသတ္တိကြွဓါတ်
များ ထွက်နိုင်ခြေမြင့်မားသည့်အတွက် ယင်းအန္တရာယ်မှရှောင်ရှားရန်အလို့ငှာ ၀န်ထမ်းဦး
ရေ ၇၅၀ ဦးခန့်သည် တိုကျိုလျှပ်စစ်ကုမ္ပဏီဧ။်ညွှန်ကြားချက်ဖြင့် ထွက်ခွာတိမ်းရှောင်ခဲ့
လေသည်။ သို့ငြား ခန့်မှန်းခြေ ၀န်ထမ်း ၅၀ဦးခန့်မှအခင်းဖြစ်စက်ရုံသို့ ပြန်လည်သွား
ရောက်ပြီး ဖုကုရှိမအမှတ်၁နူကလီးယားစွမ်းအင်သုံးလျှပ်စစ်စက်ရုံဧ။်ပျက်စီးမှုအား ရပ်တန့်
စေရန် အစွမ်းကုန်ကြိုးစားအားထုတ်လေသည။် မီဒီယာများမှ ယင်းတို့အား အခင်းဖြစ်ဒေသ
ဧ။်အမည်နှင့်အတူပူးတွဲ၍ ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟုစတင်ခေါ်ဆိုခဲ့ကြခြင်းပင်။
(အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောဆောင်းပါးတွင်မူကား
တိုကျိုလျှပ်စစ်ကုမ္ပဏီမှတင်သွင်းသော အခင်းဖြစ်နူစက်ရုံမှ ၀န်ထမ်းများကိုဆုတ်ခွာရုပ်သိမ်း
ခွင့်ပြုရန် အဆိုသွင်းခြင်းကို ၂၀၁၁ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ဂျပန်ဝန်ကြီးချူပ်မှပယ်ချ
ခဲ့ပြီး ယင်းအခင်းဖြစ်စက်ရုံများကိုအတတ်နိုင်ဆုံးရွပ်ရွပ်ချွံချွံဖြင့် ထိန်းချုပ်နိုင်သောအခြေနေ
ရောက်ရှိသည်အထိ ဆက်လုပ်သွားရန် ညွှန်ကြားခဲ့လေသည်။
ယင်းအခြေနေတွင် ဖုကုရှိမမှယင်းဝန်ထမ်း၅၀ဦးခန့်သည် ယင်းတို့ကျန်ရစ်ကာဆက်လက်
တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ကာ နေရစ်ခဲ့ကြပေသည်။
)
သို့ငြား၁၆ရက်နေ့တွင်မတော့ စစ်ဆေးတွေ့ရှိရသော ရေဒီယိုသတ္တိကြွဓါတ်မြင့်မားမှု
ကြောင့် ကျန်းမာရေးအတွက်စိုးရိမ်ရသည့်အတွက် ယင်းတို့အားခေတ္တတိမ်းရှောင်စေခဲ့
သည်။ ယင်းတို့အခင်းဖြစ်စက်ရုံသို့ပြန်လည်သွားရောက်သောအခါတွင်မူကား အခြားသော
ဝန်ထမ်း၁၃၀ဦးပါ ထပ်မံအင်အားတိုးပွားလာကာ ၁၈၀ဦးသို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။
၃လပိုင်း၁၈ရက်တွေ့င်မူ ၀န်ထမ်းပေါင်း ၅၈၀ဦးခန့်တိုးပွားလာခဲ့သည်။ ယင်းသို့တိုးပွား
လာသော်ငြား ဖုကုရှိမမှ၅၀ဦး Fukushima 50 ဟူသောအမည်သည် မီဒီယာများတွင်
ဆက်လက်အသုံးပြုခံရနေရဆဲ အညွှန်းနာမ်စားဖြစ်လာခဲ့ပေသည်။
ယနေ့ဂျပန်နိုင်ငံဧ။်အခြေအနေဟုဆိုရလျှင်မူကား
အခင်းဖြစ်ဒေသရှိ ဖုကုရှိမအမှတ်၁စက်ရုံဧ။်လက်ရှိအခြေနေကို ဂျပန်နိုင်ငံအာဆာဟိ
သတင်းစာမှ အန္တရာယ်ရှိမှုအဆင့်၆အဖြစ်သတ်မှတ်ခံရကြောင်း ရေးသားခဲ့ပါသည်။
သို့ငြား International Atomic Energy Agency ဧ။်ဖုကုရှိမအရေးခင်းအစီရင်ခံစာတွင်
မူကား အဆင့်၆အဖြစ်သတ်မှတ်သည်ကို မတွေ့ရှိရပေ။
တနည်းအားဖြင့်ဆိုသော လက်ရှိဂျပန်ရှိနူကလီးယားပေါင်းဖိုအရေးခင်းသည် အဆင့်၅
ဟုဆိုရမည်ဖြစ်သည်။
(သတင်းဌာနတခုတည်းမှသတင်းဖတ်ရှုဖော်ပြပြီးစိတ်ပူစေသည့်အတွက်ခွင့်လွှတ်ပါရန်)
ပုဂ္ဂလိကားအတွေးအားဖြင့်မူ
သို့ငြား အသက်ကိုပဓါနမထားပဲ ကိုယ်ကျိုးစွန့်ကာ တာဝန်ထမ်းနေသူများလည်း ထမ်း
နေကြသလို ယင်းကိုယုံကြည်သူဂျပန်လူမျိုးများဧ။်သွေးအေးမှုကိုလည်း တချိန်တည်းမှာ
မြင်တွေ့ရသည်။ ဘယ်လောက်သေးမွှားသောကိစ္စဖြစ်ပါစေ ပုံကြီးချဲ့အသေးစိတ်သော
ဂျပန်သတင်းမီဒီယာများသည် တခါတရံစိတ်အနှောင့်ယှက်ဖြစ်ဖွယ်ရာဖြစ်ငြား လူထုက
စိုးရိမ်ပူပန်ကာ သိရှိလိုသော သတင်းအချက်လက်များကို အသေးစိတ်သုတေသနလုပ်
စုံစမ်းကာ အချက်လက်ကျိုးကြောင်းခိုင်လုံစွာ တနည်း ပညာရှင်များဖြင့်မေးမြန်းခန်းများ
လက်တွေ့စမ်းသပ်ခြင်းတိုင်းထွာခြင်းများလုပ်ကာ အနုစိတ် သတင်းတင်ပြပေးသဖြင့်
တနည်းအားဖြင့် ကျေးဇူးတင်ဖွယ်ကောင်းသလို ဝေဖန်ပိုင်းခြားနိုင်သော အကျိုးကျေးဇူး
လည်းရပေသည်။
ငလျှင်ဒဏ်ခံဒေသများဧ။်ဒုက္ခသည်များနှင့်တွေ့ဆုံမေးမြန်းခန်းများအားကြည့်ကာ စိတ်
မကောင်းကြီးစွာလည်း ခံစားရသည်။ စဖြစ်ကာစရက်များတွင် မနက်စာနှင့်နေ့လည်စာ
ကို တမိသားစု ဘီစကစ်တထုပ်နှင့် တယောက် ပေါင်မုန့်တလုံးစားကြရသူတွေကို ကြည့်
ကာ မတည်မြဲသော သင်္ခါရတရားကို မေ့ပျောက်နေရာက ပြန်လည်အမှတ်ရသည်။ မနေ့
ကအထိ မေးမြန်းခန်းများတွင် မတော်သောဖိနပ်များစီးနေရသဖြင့် အေးလှသော ဖိနပ်မရှိ
မဖြစ်သော ဂျပန်ဧ။်ဆောင်းရာသီတွင် ဖိနပ်လှူဖို့ ဖြေကြားမေတ္တာရပ်ခံနေသော ရုပ်ရည်
သန့်သန့် အမျိုးသမီးကြီးအားကြည့်ကာ သူနှင့်အတူ ၀မ်းနည်းမှုကို ရင်မှထပ်တူခံစားရ
သည်။ ပေါင်မုန့်တွေလိုက်ဝေနေစဉ် ၂ချပ်ယူလည်းရတယ်လို့ပြောစဉ် ''မဟုတ်တာ၊
တချပ်ပဲယူမယ်။ ၂ချပ်ယူရင် ဇိမ်ခံတာပဲ။'' လို့ဆိုပါတယ်။
တီဗွီကနေ နိုင်ငံတော်ရဲ့ ပြည်သူတွေကို အားပေးတဲ့ ကြော်ငြာလို အတိုလေးတွေလာလေ့
ရှိပြီး နှစ်သက်မိသော ကြော်ငြာတခုဆိုလျှင်
''မလိုအပ်တဲ့မီးခလုတ်တွေကို ဖြုတ်ထားကြရအောင်
မလိုအပ်တာဝယ်ခြင်းတွေကို ရပ်ကြရအောင်
အားလုံးနည်းနည်းစီ ပူးပေါင်းလုပ်ဆောင်ကြရင်
အားလုံးရဲ့အင်အားဖြင့်ပေါင်းစုရင် သေချာပေါက် အောင်မြင်စွာကျော်လွှားနိုင်မယ်
''
မှတ်မိသလောက်ပါ။
:))
ဝိုင်းဝန်းအကြံပေးသောမိတ်ဆွေများအားကျေးဇူးတင်လျှက်
အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်
ကျော်နှင်းဆီလွင်
8 comments:
တန်ဖိုးရှိလှတဲ့ ပိုစ့်လေးအတွက် ကျေးဇူး။
ဖူကူရှီးမားစက်ရုံဝန်ထမ်းတွေကို ဦးညွှတ်လေးစားမိပါတယ်..
သူတို့လိုစိတ်ထားမျိုး ထားတတ်ဖို့ သင်ယူရပါဦးမယ်..
အားလုံး အဆင်ပြေငြိမ်းချမ်းပါစေ။
枝野さんは東京電力の人じゃないよ。東京電力は株式会社です。
枝野さんは内閣官房長官です。ミャンマー語でならပြည်ထဲရေးဝန်ကြီး??かなぁ。
I think, Edano san is Secretary general of the DPJ.
အဲဒီလို ရွတ်ရွတ်ချွံချွံ အသက်ကို ပဓာနမထားဘဲ စွမ်းဆောင်ခဲ့ကြတဲ့ ၀န်ထမ်းတွေကို တကယ် လေးစားအားကျမိပါတယ်။
အားလုံးဘေးကင်းကြပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အဲ့ဒီ http://www.asahi.com/english/TKY201103250204.html (အီး လို ထုတ်ဝေသောဗားရှင်း) သတင်းစာက လူတွေက သူ့တို့ဘာသာ လျှောက်ရေးလားမသိဘူး။ တခြားသတင်းဆိုက်တွေမှာ အဲ့အကြောင်းပြောတာတော့ မတွေ့ဘူး.. ဟိုအရင်က..ပြင်သစ် က လူတွေကတော့ အဆင့် ၆ လို့ပြောဘူးတာ ဖတ်လိုက်ရတယ်။ ဒါပေမယ့် အဲ့ဒါက ကြာပါပီ။ အရင် ဂျပန်က အဆင့် ၄ ဆိုကတဲက..သူတို့က အဆင့် ၆ သတ်မှတ်နေတာ.. ကိုယ့် စိတ်ထင် သူ့တို့ဟာ သူတို့ရေးတာပဲ ဖြစ်မယ်..တရားဝင် ကြေညာတာမဟုတ်လောက်သေးဘူး။ ဒီ မန့် ကို မတင်ခင် သေချာ အောင်တော့ NHK BBC အယ်ဂျာဇီးယားတို့မှာတော့ စစ်လိုက်သေးတယ် ။ ခုထိတော့ မတွေ့ဘူး..နောက်မ ဆိုရင်တော့ မသိဘူး
ကိုဆန်းမော်
ဂျပန်နှင့် ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေ သတင်းတွေတင်ပေးနေလို့ ကျေးဇူးပါ။ Yukio Edano က လကိရှိဂျပန်ရဲ့ အာဏာရပါတီဖြစ်တဲ့ Democratic Party of Japan (DPJ)က နိုင်ငံခြားရေးဝန်ကြီး ဌာန က၀န်ကြီးဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး(၁) တာဝန်ပါယူထားသူပါခင်ဗျ၊ နျူဓာတ်ပေါင်းဖို ပေါက်ကွဲရာမှာ ရေဒီယိုသတ္တူကြွအမှုန်အမွှားတွေ အဆိုးဆုံးထွက်တာက အမှတ် ၃ ဖြစ်ပါတယ်။ ဂျပန်ရဲ့ နျူပြသနာမှာ ပြင်သစ်က အဆင့် (၆)သတ်မှတ်ပေမယ့် တစ်ကယ် နောက်ဆုံးအချိန်ထိ အဆင့် (၅)အထိဘဲ ရှိပါတယ်။ စာရေးသူ ပြောတဲ့ asahi သတင်းဆိုဒ်ဆိုတာ မမှန်ဘဲနဲ့ လျှောက်တင်လို့မရပါဘူး။ asahi ဆိုတာ အင်္ဂလိပ် ဂျပန်နှစ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ ဂျပန်မှာ သတင်းစာထုတ်ဝေနေတဲ့ နာမည်ရ သတင်းဆိုဒ်တစ်ခုပါ။ အဆင့်(၅- ၆ )၅နဲ့ ၆ အထိ ရောက်နေပြီလို့ ထုတ်ပြန်တာက (INES ) The International Nuclear and Radiological Event Scale က သတ်မှတ်တယ်လို့ အဆဟိ သတင်းမှာ တရားဝင်ရေးထားပါတယ်။ အဲဒီ INES ဆိုတာက IAEA ကအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။
အခုလို ကွန်မန့်ဝင်ရေးတာဟာ စာရေးသူကို တိုက်ခိုက်လိုတဲ့ စိတ်ကြောင့်မဟုတ်ရပါ။ သတင်းဘာသာပြန်ရေးတဲ့အခါ သတင်းထောက်တွေတောင် အမှားတွေ ဖြစ်တတ်ပါတယ်။ စာဖတ်သူတွေ အမှတ်မှားမှာကို စိုးရိမ်တဲ့ စေတနာ တစ်ခုထည်းဘဲ ရှိတာကြောင့် ၀င်ရှင်းပြသွားခြင်းဘဲ ဖြစ်ပါတယ်။
ညီမရေ
မျှဝေတင်ပြတာတွေလာဖတ်တယ်။
ကော်မန့်တွေလည်းကောင်းတယ်နော်။
ညီမညွှန်းတဲ့ www.sannmaw ကိုလည်းကြည့်ဖြစ်တယ်။
ခင်မင်လေးစားကျေးဇူးတင်လျှက်
Post a Comment