Monday, August 31, 2009

ဘယ်လိုလုပ်သင့်လဲ

အမှတ်မထင်ဟိုဒီတွေးရင်းအရင်ကအဖြစ်ကိုသတိရမိတယ်
ဂျပန်မှာအချိန်ပိုင်းအလုပ်လုပ်တဲ့ဆိုင်ကပိတ်ပစ်လိုက်တာမို့
ဆိုင်ကလူကြီး၂ဦးကလွဲပြီးတဆိုင်လုံးအလုပ်လက်မဲ့ဖြစ်သွားဖူးပါတယ်။

ဆိုင်မှာလုပ်ရတာတကယ်တော့ပင်ပမ်းခဲ့ပါတယ်
စားသောက်ဆိုင်ကအချိန်ပိုင်းအလုပ်ဖြစ်တာမို့စားပွဲထိုးလို့ဆိုပေမဲ့
မီးဖိုထဲကြက်သွန်မြိတ်လဲကူလှီး၊ တခါတလေအော်ဒါဝင်လို့လူမရှိရင်ကြော်လှော်ပေးရသေး
ပန်းကန်မလောက်ရင် ဆေးမဲ့သူမလာသေးလို့ ပြေးပြေးဆေးရသေး
ဒါပေမဲ့ဆိုင်ရဲ့ကောင်တာထဲမှာရပ်လိုက်ပြီဆိုတာနဲ့ကိုယ့်မျက်နှာကအမြဲပြုံးနေပါတယ်
ဒါဟာအလုပ်တာဝန်လို့ယူဆလို့ပါ
ကိုယ်သွားအားပေးတဲ့ဆိုင်ကအရောင်းစာရေးမမျက်နှာကြောတင်းနေတာမကြိုက်သူမို့
ကိုယ်မကြိုက်တာသူများကိုလဲမပေးခဲ့ပါဘူး
အရမ်းရောင်းကောင်းတဲ့ဆိုင်ဖြစ်ပြီး နေ့လည်စာစားချိန်ဆိုအားလုံးပြုံပြီးဆိုင်ကိုရောက်လာ
တန်းစီနေပြီး တဦးပြီးတာနဲ့တဦးဝင်ထိုင်မို့လို့ အတူလုပ်တဲ့အမကတောင် ကောင်တာ
ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ပြေးနေရတာကို ပဲခူးရန်ကုန်နေ့တိုင်းလျှောက်နေရတယ်ဟာလို့
တောင် နောက်ပြောင်ငြီးငြူရအောင်ပါပဲ။

ဒါကြောင့်အော်ဒါမှားချတာတို့ အနောက်ကနံပါတ်စဉ်မှားပြီးကြော်လို့ အော်ဒါနောက်ကျတာတို့
ဧည့်သည်စိတ်တိုစရာ အမှားက တခုမဟုတ်တခုရှိတတ်ပါတယ်
ကိုယ်ကအမြဲပြုံးနေတတ်ပြီး တခုခုမှားရင် သူတို့ဂျပန်ထုံးစံလို သေချာတောင်းပန်လိုက်ရင်
အိုကေသွားတတ်ပါတယ်။

ကိုယ့်အလုပ်ချိန်အပြီးမှာ ၀င်တဲ့ကိုရီးယားမက ရစ်တတ်တာမို့ စကားအကြီးကျယ်များလိုက်ပါသေးတယ်
အကြီးကျယ်ဆိုတာ အခြေတင်ပြောတာကိုပြောတာပါ။ ရန်မဖြစ်ကြပါဘူး။
ကိုယ့်ကိုဒါတွေမပြီးရင်အလုပ်ဆင်းလို့မရဘူးလို့ပြောလို့ပါ။ ဒီလောက်အလုပ်များတဲ့ဆိုင်မှာ
လူအရမ်းကျတဲ့နေ့ဆို မပြတ်တာလေးတွေရှိတတ်ပါတယ်။
ဒါကိုနောက်ဝင်သူကဆက်လုပ်ရမှာထုံးစံပါ။ တကယ်တော့သူကဂျပန်လိုလိပ်ပတ်လည်အောင်
မပြောတတ်တော့ အပြောမတတ်ဆဲသလိုဖြစ်တာပါ။ ကိုယ်ကလဲပင်ပမ်းနေတဲ့ကြား
လာပြီး စကားကိုစီးပိုးပြောသလိုမို့ မလျှော့ပါဘူး။ ဒီလိုလူမပြတ်တဲ့ဆိုင်မျိုးမှာ ကိုယ်ကဒါမပြီးရင်
မဆင်းနဲ့အပြောခံရတယ် ပြီးတော့နာရီနဲ့လုပ်တာကို အရူးလိုလာပြောလို့ စိတ်တိုပြီး
ပြန်ကောဖြစ်ပါတယ်။ နောက်ဆုံးဆိုင်ခေါင်းရောက်လာပြီး ဂျပန်လိုအဲလိုမပြောရဘူး
အဲလိုစကားမျိုးပြောလို့မရဘူးဆိုလို့ ပြီးသွားပါတယ်။
အဲလိုနဲ့ကိုယ်လုပ်စရာရှိတာကိုတော့တာဝန်ကျေလုပ်ရင်း မီးဖိုချောင်ထဲဝင်တဲ့အခါ
သူတို့ရဲ့ဟင်းချက်နည်းနဲ့အချိုးတွေအကုန်မှတ်ပါတယ်
ယူတတ်ရင် ရောက်ရာဘယ်အရပ်မဆို ပညာရပါတယ်။

ရန်ကုန်ပြန်လို့ ဂျပန်အစားစာဆိုင်ဖွင့်ရင်လာစားကြပါ
:D

အဲလိုနဲ့ အလုပ်ဆင်းတဲ့နောက်ဆုံးရက်မှာရုံးချုပ်ကမန်နေဂျာဆီကဖုံး
ကိုယ့်ဆီဝင်လာပါတယ်
နောက်တဆိုင်မှာအလုပ်ပေးချင်တဲ့အကြောင်းပါ။
ဘာကြောင့်လဲဆိုတော့ဆိုင်မှာကင်မရာတွေတပ်ထားတာမို့ရုံးချုပ်ကတဆိုင်လုံးကို
နေ့တိုင်းမြင်နေရပြီး ကိုယ့်ကိုလဲတရုံးလုံးကသိနေတယ်ဆိုကြောင်းပါ။

အဲဒီအချိန်မှာဖေပြောဖူးတဲ့စကားတခွန်းသွားသတိရမိပါတယ်
ပင်ပမ်းပေမဲ့ ကိုယ်အမြဲလဲကျင့်သုံးနေတာပေါ့

တိရိ စ္ဆာန်တို့ရဲ့ဘုရင် ခြင်္သေ့မင်းဟာ ဆင်ကြီးတကောင်ပဲဖြစ်ဖြစ်
ယုန်ငယ်လေးတကောင်ကိုပဲဖြစ်ဖြစ် တူညီတဲ့မလျော့သောအင်အားနဲ့ ဖမ်းလေ့ရှိတယ်တဲ့
ယုန်ငယ်လေးမို့ဆိုပြီးအားကိုလျှော့မပစ်တတ်ဘူးတဲ့
ဒါကြောင့် ငယ်ငယ်က အပျင်းထူတတ်ပြီး ပြောစကားသိပ်နားမထောင် ပေကတ်ကတ်နဲ့ကိုယ့်ကို
ဘာပဲလုပ်လုပ် ကိုယ့်မှာရှိတဲ့ အင်အား၊ လုံ့လ၀ိရိယနဲ့ အစွမ်းကို ထုတ်ဖို့ ပြောခဲ့ဖူးတဲ့
စကားလေးတခွန်းပါ။

2 comments:

မိုးကောင်းသူ said...

မင်္ဂလာပါ။ ဘယ်လိုလုပ်သင့်လဲဖတ်သွားတယ်။ ဟင်းချက်နည်းတွေလဲ ယူတာယူ။ ပြီး ဘလော့ပေါ်လဲတင်နော်။ ဂျပန်ဆိုင်ဖွင့်ရင်ပြောအုံး။ လာအားပေးမယ်လေ။

ကျော်နှင်းဆီလွင် said...

မရေ
ချက်နည်းက အလှူပွဲလိုအိုးကြီးခွက်ကြီးအချိုးတွေမို့
ဖော်ပြရခက်ပေမဲ့ နောက်မှ သင့်သလိုရေးကြည့်ဦးမယ်
လာအားပေးမယ်ဆိုလို့အားရှိသွားတယ်
ဖောက်သည်၁ယောက်တော့ရပြီ
;D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates