Monday, August 31, 2009

ပြီးဆုံးသွားပြီဖြစ်တဲ့ဂျပန်ရွေးကောက်ပွဲ

ဒို့ပြည်သူပါတီ(自民党)ဟာနှစ်စဉ်နှစ်တိုင်းမဲအပြတ်သတ်နှင့်အနိုင်ရဆက်တိုက်ဗိုလ်စွဲလာတာမို့
အရင်နှစ်တွေရဲ့ရွေးကောက်ပွဲတွေဟာအမြဲငြိမ်သက်စွာနဲ့ပြီးဆုံးခဲ့ပေမဲ့
ပါတီထိပ်တန်းအမတ်တွေရဲ့ဆက်ကာဆက်ကာဆိုသလိုပေါ်ပေါက်လာတဲ့အရှုပ်တော်ပုံတွေကြား
တဖက်ကပြိုင်ဘက်ပါတီပြည်သူသာအဓိကပါတီ(民主党)ဟာလည်းစတင်ဖွဲ့စည်းပြီး၅နှစ်တာခန့်
အတောအတွင်းအင်မတန်ပဲအင်အားကောင်းလာတာမို့
အကြိတ်အနယ်နဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒီနှစ်ရွေးကောက်ပွဲဟာ
ပြိုင်ဘက်ပါတီပြည်သူသာအဓိကပါတီ(民主党)မှအနိုင်ရအောင်ပွဲခံသွားပြီး
မနေ့ကပဲပြီးဆုံးသွားပါတယ်

ဂျပန်ရဲ့ရွေးကောက်ပွဲသမိုင်းကိုပြောင်းပြန်လှန်လိုက်တယ်လို့တောင်ဆိုလို့ရမဲ့ဒီပွဲဟာ
ဂျပန်ရဲ့အပြောင်းလဲတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး
အမေရိကားမှာမစ်စတာအိုဘားမားအနိုင်ရအောင်ပွဲခံသွားပြီး အမေရိကားသမိုင်းတခေတ်ဆန်းသွားသလို
ဆင်တူတဲ့အလှည့်အပြောင်းမျိုးနဲ့ ဂျပန်ဟာ ဘယ်လိုစနစ်တွေကျင့်သုံးပြီး ဘယ်လိုတခေတ်ဆန်းလာမလဲ
ဆိုတာလဲ စိတ်ဝင်စားစွာဖြင့် စောင့်စားကြည့်ရှုသွားချင်ပါတယ်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates