ယနေ့ စနေမှာကိုယ်ကအိုကားစံလို့ခေါ်ပြီး
ကိုယ့်ကို အသံဝဲ၀ဲနဲ့ ဇာချီလို့ ခေါ်တဲ့ မိယာဂျိမကယောက္ခမဆီမှ
လက်ဆောင်ပါဆယ်တထုပ်ရောက်လာပါရော ~~~~~~
မုန့်တွေရော၊အကျီ င်္တထည်ရော၊စာတစောင်၊ယမ်း၅ထောင်နဲ့အချိုရည်တဗူးပါ
တကယ်က ပို့ပေးချင်တာအဓိကက အကျီ င်္တထည်ပါ
ကိုယ်မကြိုက်တဲ့အကျီ င်္ဖြစ်မှာစိုးလို့စာထဲမှာမကြိုက်ရင်မ၀တ်နဲ့နော်လို့ရေးထားပြီး
ငွေငါးထောင်ကမကြိုက်ရင်ကြိုက်တာဝယ်ဖို့ အရံထည့်ပေးတာပါ~~~~~
မနောဖြူပြီး သိပ်သဘောကောင်းတာမို့ ကိုယ်ကတော့ချစ်ပါတယ်
တကယ်တော့ခင်ပွန်းရဲ့မိဘဆိုတာ ကိုယ့်မိဘပါပဲ
အဲလိုစိတ်စေတနာမျိုး အမြဲနှလုံးသွင်းပါတယ်
ဒါကြောင့်လဲဒီလိုကောင်းတဲ့သူကြုံကြိုက်ဆုံစည်းရတာလို့ယုံကြည်ပါတယ်
အမှတ်တရသဘောနဲ့ဘလော့ဂ်မှာတင်ရင်း
ပါစင်နယ်တွေသိပ်များနေပြီလို့ အီလည်လည်တွေးမိပါတယ်
:D
0 comments:
Post a Comment