မနေ့က အိုဒိုင်းဘား Odaibaသွားပါတယ်
သူကရုံးရှိလို့မအားပါဘူး
ကိုယ်ကလည်းရုံးဖွင့်ရက်မသွားလို့မရပါဘူး
ဂျပန်ကRainbow Bridgeကြီးကိုရထားစီးဖြတ်သန်းပြီးပေါ့
အပြန်ကျတော့တံတားကြီးထဲလမ်းလျှောက်ဖြတ်ပြီး ရထားလိုင်းပြောင်းစီးပါတယ်
ကိုယ်က အိုဒိုင်းဘားအသွားရထားစီးရတာသိပ်ကြိုက်ပါတယ်
မိုးပေါ်မှာရထားစီးသလို တိုက်တွေရဲ့ ထက်ဝက်လောက်ရှိတဲ့အမြင့်ကြားမှာ
ရထားလမ်းဖောက်ထားတာမို့ပါ
ပင်လယ်ကမ်းခြေလဲဖြစ်တာမို့ ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့နေရာပေါ့
တခုစိတ်ညစ်ဖို့ကောင်းတာRainbow Bridgeကိုဖြတ်တော့ ရထားလမ်းအပြင်ဘက်မှာ
ကားလမ်းရှိပြီးကားနဲ့သွားရင် ရှုခင်းကိုအဆီးတားမရှိငေးမောလို့ရပေမဲ့
ရထားလမ်းနဲ့ကားလမ်းကြားသံဇကာကွက်လိုကာထားတာမို့ ငေးရတာရင်ခံပါတယ်
သွားလည်တာမဟုတ်ပါဘူး
Jassoကိုသွားရင်းမထူးပါဘူးဆိုပြီးအပြန်ကျ ၂ဘူတာလောက်လမ်းတွေလျှောက်ပြီးပတ်ကြည့်
ပစ်လိုက်တာပါ
ဂျပန်ရဲ့ထူးခြားနာမည်ကြီးတဲ့ စက်ရုပ်ကြီးကိုကမ်းခြေမှာဆင်ထားတာမြင်ခဲ့ရတာကတော့
အထူးသဘောကျမိပါတယ် အမြဲ ရှိတာမဟုတ်ပါဘူး
Odaibaပုံတွေကတော့ ရှာရင်ချက်ချင်းပိုလှတာတွေအများကြီးထွက်လာတာမို့
မဖော်ပြတော့ပါဘူး
နောက်မှပဲကျောင်းလျှောက်တဲ့ကိစ္စတွေအသေးစိတ်ထပ်ရေးပါမယ်
(မှတ်ချက် အိုဘားမားမဟုတ်ပါ :D)
1 comments:
i like that place in Tokyo.
always time i took ship and monotrain for taking photos.
humm,, I never seen robot.
I wanna see. i hope , i ll see next time.
:)
Post a Comment