မနေ့က ခင်ရတဲ့ ဂျပန်ဆရာမလဲဖြစ်မိတ်ဆွေရင်းလဲဖြစ်တဲ့ဆရာမတဦးရဲ့ဖိတ်ခေါ်မှုနဲ့
မြန်မာအစားစာလုပ်စားပြီးမြန်မာအကြောင်းတွေဗဟုသုတဖလှယ်ကြတဲ့ပွဲကို
သွားဖြစ်ပါတယ် ဒါဟာဒုတိယအကြိမ်မြောက်ပေါ့
ပထမအကြိမ်ကတော့ကိုယ့်ရဲ့ဆရာရင်းမိတ်ဆွေရင်းလို့ဆိုရမယ့် ဆရာတဦး
ဂျပန်ပြည်အလည်လာချိန် မာခိစံရော အားလုံးနဲ့မြန်မာအစားစာတခါလုပ်စားဖူးကြပါတယ်
ဂျပန်လူမျိုးတွေကတော့ တဦး၁၅၀၀ယမ်းနှုန်းပါ
ကိုယ်နဲ့အတူဟင်းချက်အလွန်ကောင်းတဲ့ မြန်မာကျောင်းသားတဦးလဲပါပါတယ်
သူကနန်းကြီးသုပ်နဲ့ကန်စွန်းရွက်ကြော်၊ ကိုယ်ကတော့ကျောက်ကျောထိုးတာ သင်ပေးရင်းနဲ့
ဝိုင်းချက်ကြပါတယ်
၁၀နာရီမှာလူစုရမှာကို ၁၁နာရီအရောက်လို့ရှမ်းပြီးဖတ်တဲ့ကိုယ် နောက်ကျပါတယ်ဆိုမှ
ရထားက အမြန်ရထားနဲ့ဘူတာကျော်သွားလို့ အခန်းထဲဝင်တာနဲ့အသံကျယ်ကြီးနဲ့
တောင်းပန်ရပါသေးတယ်
အားလုံးကသိပ်သဘောကောင်းကြပါတယ်
ကိုယ်ထင်တာတော့ခန်းမငှားတာဈေးအကြီးဆုံးလို့ထင်ပါတယ်~~~~
ပြီးတော့မြန်မာပြည်အလွမ်းပြေ တ၀ကြီး စကားတွေပြောရင်းစားခဲ့ပါတယ်
ဒါကတော့လူစုံတက်စုံပေါ့
ဂျပန်လူမျိုးတွေကြားမှာအခုလိုမြန်မာပြည်အပေါ်စိတ်ဝင်တစားနဲ့ချစ်မြတ်နိုးပြီး
တကူးတကလူစုပြီး မြန်မာအစားစာချက်စားတာ မြန်မာအကြောင်း၊ရုပ်ရှင်အကြောင်း
ကွဲပြားတဲ့ဓလေ့တွေယဉ်ကျေးမှုတွေအကြောင်းစသဖြင့်ပြောကြတာ
ရင်ထဲမှာ ၀မ်းလည်းသာ စိတ်လှုပ်ရှားမိပါတယ်။
1 comments:
nice to read.
i ll write more.
i ve a lot of experience.
coz i always invite JP ,and cooked MM food for them.
They like and love to eat and love my country.
:)
thanks for sharing.
Post a Comment