This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

Thursday, December 31, 2009
မင်္ဂလာနှစ်သစ်ပါ
Saturday, December 26, 2009
ဂျပန်မှာ iPhoneသုံးမယ်ဆိုရင်

လွန်ခဲ့တဲ့၂ပတ်မတိုင်ခင်ခန့်က မြန်မာပြည်မှာသိကျွမ်းဖူးခဲ့တဲ့ခလေးတဦးက ဒီမှာဂျပန်စာကျောင်း
လာတက်နေတာ မမျှော်လင့်ပဲသွားဆုံမိပါတယ်။
အိုင်ဖုံးကိုထားတာမို့ကိုယ်ကအနည်းငယ်တော့စိတ်ထဲကအံ့သြမိပါတယ်။
ကျောင်းသားတွေက ငွေချွေတာကြတာမို့ ငွေကုန်တာမျိုးတွေသိပ်မလုပ်ကြတာမို့ပါ။
အဲလိုနဲ့နှစ်ယောက်သားကော်ဖီဆိုင်မှာစကားပြောရင်း အမရေ ဖုံးက ယမ်း၈ထောင်နီးပါးလတိုင်းကျတယ်
ဘာမှလဲမသုံးပဲနဲ့ ရှင်းပြပါဦးဆိုတော့။ တကယ်တော့ ကိုယ်လည်းလတိုင်း၉ထောင် တသောင်းနီးပါး
ဆောင်ရတာပါ။ အင်တာနက်စိတ်ကြိုက်သုံးserviceကိုသုံးထားတာမို့အဲဒါတင် ယမ်း၅ထောင်နီးပါး
ကျတာမို့ အထွေထူးရယ်မတွေးမိပါဘူး။
အဲဒါနဲ့ကိုယ်ကserviceက ဘာတွေသုံးထားလဲဆိုတော့သူငယ်ချင်းနဲ့သွားလုပ်တာမို့ ဂျပန်စကားလည်း
သိပ်မကျွမ်းကျင်ကြတော့ အိုင်ဖုံးလုပ်ချင်တယ် ရလား ရတယ် လုပ်မယ် ဆိုတာမျိုးဖြစ်ခဲ့ပုံပေါ်ပါတယ်။
အဲလိုနဲ့မသုံးဘူးဆိုရင် သူ့ရဲ့အင်တာနက်ဆားဗစ်စ်ကိုဖြုတ်ဖို့အကြံပေးပြီး ၂ဦးသား ဆိုင်ကိုသွားကြပါ
တယ်။
အဲဒီတော့မှကိုယ်လည်းသိပါတော့တယ်။ အိုင်ဖုံးရဲ့အခြေခံစာချုပ်စည်းမျဉ်းတွေကို။
ဒါဆိုအိုင်ဖုံးမသုံးပဲရပ်ပစ်ပြီးတခြားဖုံးအမျိုးစားပြောင်းသုံးမယ်ဆိုတော့စာချုပ်ပါစည်းကမ်းအရ
Friday, December 25, 2009
ဖုံးအခမဲ့ပြောလိုလျှင်
သွားကြည့်ဖူးတဲ့ Talksterမှပို့လာတာဖြစ်ပါတယ်။
X'maX မို့ထင်ပါတယ်။ မြန်မာပြည်က အိမ်ဖုံးကိုပဲဖြစ်စေ၊ လက်ကိုင်ဖုံးကိုပဲဖြစ်စေ
၅ဒေါ်လာဖိုး ၅မိနစ်ခန့်ဖုံးပြောခွင့် လက်ဆောင်ရပါတယ်။
ဖောင်ဖြည့်ရပြီး မိမိလက်ကိုင်ရဲ့လက်ကိုင်ဖုံးနံပါတ်လည်းဖြည့်ရပါတယ်။
ပြီးရင် သူက မိမိ ၀င်ထားတဲ့ဆိုဒ်ထဲမှာ ဘယ်နံပါတ်ကိုခေါ်မလဲဆိုတာ ဖြည့်ရပါတယ်။
မြန်မာပြည်ဆိုတော့ အိမ်ဖုံးဆိုရင် 00951(အိမ်ဖုံးနံပါတ်-ရန်ကုန်ဆိုရင်၆လုံး)
လက်ကိုင်ဖုံးဆိုရင် 0095(လက်ကိုင်ဖုံးရှေ့က 0 ၁လုံးဖြုတ်ပါတယ် 90 or 95 or 99 or 80) (လက်ကိုင်ဖုံးနောက်ဆက်တွဲနံပါတ်)ဖြည့်ပါတယ်။
ပြီးရင်သူက Local Phone Numberတခုပေးပါတယ်။ ကိုယ်က ဂျပန်ကဆက်တာမို့
ဂျပန်တိုကျိုနံပါတ်နဲ့စတာကိုဆိုဒ်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင်မိမိရဲ့လက်ကိုင်ဖုံးကို ချက်ချင်းပဲ SMS ပို့ပေးတာမို့ အဲဒီထဲမှာ ဆိုဒ်မှာဖော်ပြပေးတဲ့
မိမိဆက်ရမဲ့ Local Phone Numberကိုဖော်ပြပေးထားတာမို့ အဲဒီနံပါတ်ကိုဆက်လိုက်ရင်ပဲ
ချက်ချင်း မြန်မာပြည်ကဖုံးထဲတန်းဝင်သွားပါတယ်။
တခုရှိတာက မိမိစာရင်းသွင်းခဲ့တဲ့ဖုံးကို SMSလာမှာဖြစ်ပြီး အဲဒီဖုံးဖြင့်သာခေါ်ဆိုခွင့်ရှိကြောင်းပါ။
အဲလိုနဲ့သူ့ဖုံးရောကိုယ့်ဖုံးရော၁ကြိမ်ဆီဖောင်ဖြည့်ပြီး ယနေ့မနက် အိမ်ကို ၂ကြိမ်ဖုံးဆက်လိုက်ပါ
တယ်။ တခြားက၀ယ်ထားတဲ့ လက်ကျန်ဖုံးကဒ်ကိုတော့ နှစ်ကူးညမှာ နယူးရီးယားလို့
လှမ်းအော်ဖို့သိမ်းထားလိုက်တာပေါ့။
ခေတ္တလက်ဆောင်ပေးတဲ့စနစ်မို့ သုံးလိုလျှင် ဒီကို အမြန်သွားကြည့်သင့်ကြောင်းပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
Saturday, December 12, 2009
2009ခုနှစ် JLPT ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ အဖြေများနှင့်အမှတ်တွက်ပုံ

တနှစ်ပြီးသွားပြန်ပေပြီ
ရင်ခုန်စွာနှင့်ထွက်လာမဲ့အဖြေကိုမျှော်ရပေဦးတော့မည်
Level 1 (1級)
1級点数計算
(絵の)聴解
(絵のない)聴解
聴解(pdf file)
文字語彙 問題 解答
読解 問題 解答
文法 問題 解答
Level 2 (2 級)
2級点数計算
聴解問題 解答
読解 問題 解答
文字語彙 問題 解答
文法 問題 解答
Level 3 (3 級)
3級点数計算
聴解 問題 解答
読解 問題 解答
文法 問題 解答
文字語彙 問題 解答
Level 4 (4 級)
4級点数計算
အားလုံးပဲအောင်မြင်ပျော်ရွှင်ပါစေ
Friday, November 27, 2009
ဂျပန်တွင်ကျောင်းတက်မည်ဆိုလျှင်
The gross domestic product (GDP) or gross domestic income (GDI)ုဟုခေါ်သော
နိုင်ငံရဲ့အသားတင်ပြည်တွင်းဝင်ငွေရဲ့ကိုအတော်ကြီးအထောက်ကူပြုဝင်ငွေရရှိစေသည့်လုပ်ငန်း
များပင်ဖြစ်သည်။ တနည်းဆိုလျှင် ကျောင်းသည်စီးပွားရေးလုပ်ငန်းဖြစ်ပေသည်။
ဂျပန်တွင်ကျောင်းတက်ခြင်း၊ ပညာလာရောက်သင်ကြားခြင်းသည် မြန်မာနိုင်ငံတွင်အတော်ခေတ်စား
ပါသည်။ ထို့ကြောင့် ဂျပန်တွင်ကျောင်းလာတက်မည် (သို့) ကျောင်းလာတက်ချင်သည် ဆိုလျှင်
အောက်ပါအချက်လက်များကို ဖတ်ရှုကြည့်သင့်ကြောင်း အကြံပြုပါရစေ။
ဂျပန်နိုင်ငံရဲ့ပညာရေး
ဂျပန်ဘာသာစကားဖွဲ့စည်းမှုဟာ အသံထွက်ပိုင်းဆိုင်ရာစုံလင်မှုမရှိကြောင့် နိုင်ငံရပ်ခြားအသံထွက်ဟာ
ဂျပန်လူမျိုးတွေအတွက် ခက်ခဲလှပါတယ်။ အင်္ဂလိပ်စာဟာ အက္ခရာ a မှ z အထိ၊ မြန်မာစာဟာ အခြေခံ
အက္ခရာ က မှ အ အထိ ဖွဲ့စည်းထားပါတယ်။ ဂျပန်စာဟာ အက္ခရာ အ(あ) မှ အွန်(ん)အထိသော
အက္ခရာဖြင့်ဖွဲ့စည်းထားပြီး ယင်းကို ရေးနည်း၂မျိုးဖြင့်ရေးပါတယ်။
ဟိရဂန (Hiragana) နှင့် ခတခန(Katakana)လို့ခေါ်ပါတယ်။ အသံထွက်မပြောင်းပါဘူး။
ဥပမာ အ ဟု အသံထွက်သော အက္ခရာကို
ဟိရဂန (Hiragana)ဖြင့်ရေးလျှင် あ (စုတ်ချက်အပျော့ဖြင့်ရေးပြီး)
တဖန် ခတခန(Katakana)ဖြင့် ア (စုတ်ချက်အမာဖြင့် ရေးသားခြင်း)ဖြစ်ပါတယ်။
ခတခန (Katakana)ဖြင့်(စုတ်ချက်အမာဖြင့် ရေးသားခြင်း)ဟာ တိုင်းတပါးဘာသာစကားအသံထွက်နှင့်
အခေါ်ဝေါ်တွေကိုခေါ်ဆိုသောစကားလုံးများကို သီးသန့်ရေးသားခြင်းဖြစ်ပါတယ်။
ယင်းကိုကြည့်ခြင်းအားဖြင့် ဂျပန်ဘာသာစကားဟာ နိုင်ငံခြားဘာသာစကားနှင့်ပတ်သက်လျှင်
အားနည်းကြောင်းအထင်ရှားသိနိုင်ပါတယ်။ ဒါကြောင့်ဂျပန်မှာကျောင်းတက်မည်ဆိုလျှင်ဂျပန်ဘာသာဖြင့်
သင်ကြားမှုများတာကြောင့် ဂျပန်စာကို မတတ်မဖြစ် တက်ထားသင့်ကြောင်းပါ။
ဂျပန်ဘာသာစကား
JLPTဟုခေါ်သောဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲရှိပြီး အဆင့်၅ခုရှိပါတယ်။
မြန်မာပြည်မှာနှစ်စဉ်၁၂လပိုင်းပထမပတ်တနင်္ဂနွေတိုင်းစာမေးပွဲကို Maja မှတဆင့် ကြီးမှူးကျင်းပလေ့
ရှိပြီး၊ ဂျပန်မှာကတော့ ၂၀၀၉ခုနှစ်၇လပိုင်းကစလို့ ၇လပိုင်းပထမပါတ် တနင်္ဂနွေမှာပါ တကြိမ် တိုးမြှင့်
ကျင်းပပေးတာမို့ တနှစ် ၂ကြိမ်ကျင်းပလျှက်ရှိပါတယ်။
အကြံပေးလိုတာကတော့ဂျပန်မှာကျောင်းတဖက်နှင့်အချိန်ပိုင်းအလုပ်လုပ်ပြီး စရိတ်ရှာရတာမို့
ဂျပန်ရောက်မှ ဂျပန်စာလုပ်ဖို့အချိန်မရှိပါဘူး။ စာကျက်တယ်ဆိုတာ ရထားစီးတဲ့အချိန်လို့ ဆိုရအောင်
ကို အချိန်ရှားပြီး ပင်ပမ်းတဲ့ လူနေမှုဘ၀ပါ။ မြန်မာပြည်မှာတည်းက အဆင့်၂ ဖြစ်နိုင်ရင် အဆင့်၁ အောင်ထားမယ်ဆိုရင်တောင်မှ ဂျပန်ရဲ့အသံထွက် ယဉ်ကျေးမှုတွေနဲ့စိမ်းနေသေး နားမယဉ်သေးတာမို့
အသားကျဖို့ အချိန်ယူရပါတယ်။ ဒါပေမဲ့ စာရထားရင် အသားကျဖို့ အလွန်မြန်ပါတယ်။ စာမရထားလျှင်
အသားကျဖို့လည်းကြာမြင့်ပြီး စာကျက်ရတာလည်းတဖက်မို့ တကယ်မလွယ်ပါဘူး။ ဂျပန်ဟာ လမ်းမ
ပေါ်တောင်စာတွေရေးပြီး ဘာမဆိုလမ်းညွှန်စာသားတွေရှိတဲ့နိုင်ငံမို့ စာရရင် နေထိုင်ရေးလွယ်ကူပါလိမ့်
မယ်။
ကျောင်းအမျိုးအစားများ(နိုင်ငံခြားသားအများစုလျှောက်လေ့ရှိသော)
၁။ ဂျပန်ဘာသာစကားသင်တန်းကြောင်းများ (၃လ၊ ၆လ၊ တနှစ်၊ တနှစ်ခွဲ၊ ၂နှစ်ခန့်)
ဒါကတော့မြန်မာကျောင်းသားအများစုလျှောက်ထားလေ့ရှိပါတယ်။
တချို့ကျောင်းတွေက ဘယ်အဆင့်ရှိတဲ့ကျောင်းသားပဲဖြစ်ဖြစ် အစကစသင်တာမျိုးရှိသလို
တချို့ကျောင်းအများစုက အဆင့်တွေခွဲပြီးသင်ပေးပါတယ်။
စာရပြီးသားသူအတွက်အစကစသင်နေရရင် ကျောင်းလခတွေဟာ နှမြောဖို့ကောင်းပါတယ်။
ကျောင်းလျှောက်ပေးမယ့်အေဂျင်စီကိုမေးသင့်တာက
-ကြိုသွင်းပေးတဲ့ကျောင်းလခဟာ ၃လစာလား ၆လစာလား ၁နှစ်စာလား ဆိုတာပါ
-ရမယ့်ဗီဇာသက်တမ်းက ဘယ်လောက်ကြာသလဲ
-ဘယ်နေရာလည်း ဆိုတာကလည်း အရေးကြီးပါတယ်။
-ပြီးတော့နေထိုင်ရေးက အဆောင်ငှားရသလား။ ငှားခကြိုပေးရလျှင် ဘယ်နှစ်လစာလဲ။
ရေမီးအပြီးစီးလား ဆိုတာပါ။ တိုကျိုမှာတော့ ဖက်စပ်စုနေကြတာ တဦးကိုေ၇မီးအပြီးစီးယမ်း၃သောင်းခွဲ
ဝန်းကျင်ရှိပါတယ်။ နေရာကလဲ အဆင်ပြေပါတယ်။ ကြိုပေးရတဲ့အဆောင်လခက ကာလ နည်းလေ
ကောင်းလေပါ။ တချို့ကျောင်းသားတွေကျောင်းရောက်မှ ကျောင်းအဆောင်က မြို့စွန်မှာရှိတာမို့
အလုပ်နဲ့အတော်ဝေးတာမို့အလုပ်ရှာရ ဒုက္ခရောက်ကြပါတယ်။ အိမ်ပြောင်းချင်ရက်ငွေတွေကြိုပေး
ထားတာမို့ မပြောင်းနိုင်ကြဘူး။ ဒီ့အပြင် ရေမီးခသက်သက်ထပ်ပေးရတာတွေ အဆောင်ထိန်းသိမ်းခ
ထပ်ပေးရတာတွေနဲ့ဆို တကယ်ကို မတန်ပါဘူး။
၂။ ပညာရပ်ဆိုင်ရာ ကျောင်းများ (အသက်မွေးဝမ်းကျောင်းပညာသင်ကြားမှု) (၂နှစ်မှ၃နှစ်ခန့်)
. (Professional Training College) လျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်
ကိုက်ညီရပါမည်။ အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး ဂျပန်ဘာသာအရည်ချင်း ၁ သို့ ၂ အဆင့်
အောင်မြင်ထားရပါမည်။
(a) ကျောင်းပညာသင်နှစ်၁၂နှစ်ရှိထားသူဖြစ်ရပါမည်။
(b) ကျောင်းပညာသင်နှစ် ၁၀နှစ် သို့ ၁၁နှစ်သာရှိလျှင် ဂျပန်အစိုးရအသိမှတ်ပြု ပညာရေး၊ ယဉ်ကျေးမှု၊
. အားကစား၊ သိပံနှင့်နည်းပညာဆိုင်ရာ ဘွဲ့ကြိုသင်တန်းတခုခုတက်ရောက်ပြီးသူ။
(c) ယင်းအဆင့်ဖြင့်ညီမျှသည်ဟုအသိမှတ်ပြုခံထားရသည့်ကျောင်းတက်ရောက်ထားသူ။
(d) ဂျပန်ရှိလျှောက်ထားသောကျောင်းမှသတ်မှတ်ထားသည့်သို့စစ်ဆေးသည့်အရည်ချင်းများဖြင့်
. ကိုက်ညီကြောင်းအသိမှတ်ပြုခံရသူ။
၃။ ကောလိပ်များ (၂နှစ်မှ၃နှစ်ခန့်)
၎။ တက္ကသိုလ်များ (၄နှစ်မှ ၆နှစ်ခန့်)
ကောလိပ်နှင့်တက္ကသိုလ်များလျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်ကိုက်ညီရပါမည်။
အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ပြီး ဂျပန်ဘာသာအရည်ချင်း ၁ သို့ ၂ အဆင့်အောင်မြင်ထားရပါမည်။
(a) ကျောင်းပညာသင်နှစ်၁၂နှစ်ရှိထားသူဖြစ်ရပါမည်။
(b) ကျောင်းပညာသင်နှစ် ၁၀နှစ် သို့ ၁၁နှစ်သာရှိလျှင် ဂျပန်အစိုးရအသိမှတ်ပြု တက္ကသိုလ်၊ ကောလိပ်
. အကြိုသင်တန်းကို တက်ရောက်အောင်မြင်ပြီးသူဖြစ်ရပါမည်။
(c) ဂျပန်မှာကျင့်သုံးသော Certificate for Students Achieving the Proficiency Level of Upper
. Secondary School Gratuates အရည်ချင်းဖြင့်ညီမျှသည်ကို မိမိမူရင်းနိုင်ငံတွင်အောင်မြင်ပြီးသူ။
(d) ဂျပန်ရှိလျှောက်ထားသောကျောင်းမှသတ်မှတ်ထားသည့်သို့စစ်ဆေးသည့်အရည်ချင်းများဖြင့်
. ကိုက်ညီကြောင်းအသိမှတ်ပြုခံရသူ။
၅။ ဘွဲ့လွန်တက္ကသိုလ်များ
ဘွဲ့လွန်တက္ကသိုလ်များလျှောက်ထားမည်ဆိုလျှင်အောက်ပါအချက်မှတခုခုဖြင့်ကိုက်ညီရပါမည်။
(a) တက္ကသိုလ်၎နှစ်တက်ရောက်ဘွဲ့ရရှိပြီးသူ သို့ ယင်းအရည်ချင်းဖြင့်ညီမျှသူ
(b) ကျောင်းပညာရေး ၁၆ နှစ်တက်ရောက်ထားသူ
(c) ကျောင်းပညာရေး ၁၅နှစ်တက်ရောက်ထားပြီး အမှတ်ရရှိမှုနှင့်ပညာရည်ထူးချွန်သူ
(d) တက္ကသိုလ်အဆင့်ဖြင့်ညီမျှသော ပညာအရည်ချင်းရှိသည်ဟုအသိမှတ်ပြုခံထားရပြီး အသက်
. ၂၂နှစ်ပြည့်ပြီးသူ။
၆။ သုတေသနဆိုင်ရာ တက္ကသိုလ်များ
ဒါကတော့ကာလတိုဖြစ်ပါတယ်။ ဘွဲ့ရရှိမှာမဟုတ်ပဲ ယင်းသို့သုတေသနပြုလုပ်ခွင့် ကာလတိုအတန်း
တက်ရောက်ရန် ဦးစွာကျောင်းကိုလျှောက်ထားရပါမယ်။ ဗီဇာအမျိုးစားအနေဖြင့် ကောလိပ်အနေဖြင့်
ခွင့်ပြုပြီး တပတ်မှာ ၁၀နာရီခန့်အတန်းတက်ရမယ်လို့ဆိုပါတယ်။
အချိန်ပိုင်းအလုပ်များ
သတ်မှတ်ထားသည်က တရက်၎နာရီနှုန်းပါ။ တကယ်ယင်းနှုန်းထားဖြင့်လုပ်လျှင်မကိုက်ပေ။ ယခင်က
တော့ အချိန်ပိုတွေအများကြီးကျုံးလုပ်လည်းပြသနာမရှိ။ ယခုတော့အလုပ်အများစုက ကျောင်းသားဆို
လျှင် ၄နာရီထက်ပိုပေးမလုပ်သော ဆိုင်တွေတအားများလာသည်။ ထို့ကြောင့်ကျောင်းသားများက ၂ဆိုင်
၃ဆိုင် ခွဲလုပ်ကြပေသည်။ ဆိုင်တွေကဘာကြောင့်ပေးမလုပ်သလဲ ဆိုတော့ ဂျပန်ဧ။်အခွန်ထမ်းစနစ်က
အလွန်ကောင်းပေသည်။ လစာပေးစနစ်က ဘဏ်အတွင်းသို့ လစာထုတ်ရက်တွင်တိုက်ရိုက်သွင်းပေး
ပေသည်။ ယင်းလစာတွင် အခွန်နှုတ်ပြီးဖြစ်သည်။ ထို့ကြောင့်ဆိုင်အနေဖြင့်လည်း ၄နာရီထက်ပိုခန့်
ပါက အခွန်ရုံးက သိသဖြင့် မလုပ်နိုင်ပေ။ အခွန်ရုံးအနေဖြင့်လည်း ဘယ်သူက ဘယ်လောက်ထိ
အလုပ်လုပ်ပြီး ၀င်ငွေဘယ်လောက်ဝင်သည်ကို အလွယ်တကူ သိရှိနေပေသည်။ အလုပ်ချိန်သို့ဝင်ငွေ
အလွန်များနေလျှင် ဆိုင်သို့ အခွန်ရုံးမှအကြောင်းကြားတတ်ပေသည်။ သို့ဆိုလျှင်ဆိုင်ခွဲလုပ်ကာ ၀င်ငွေ
များလျှင်ကော မသိဘူးလားဟုမေးစရာရှိသည်။ သိပါသည်။ သို့ငြားကျောင်းသားဖြစ်ပါက ကျောင်းသို့
အကြောင်းကြားမည်ဟု ထင်ပါသည်။ သို့သော ကျောင်းသားက ကျောင်းတက်မှန်လျှင် ကျောင်းတွေက
နှုတ်ဆိတ်နေတတ်သည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေကြသောကြောင့်ပင်။
ဘယ်လိုအလုပ်တွေလဲဆိုလျှင်စကားပြောနိုင်လျှင်စားပွဲထိုးလိုအလုပ်မျိုး၊ စကားမရလျှင် ပန်းကန်ဆေး၊
မီးဖိုချောင်အကူအချက်ပြုတ် ဆိုတာက ၉၀ရာခိုင်နှုန်းဖြစ်သည်။ စားပွဲထိုးလုပ်ရလျှင် သက်သာသည်ဟု
လျှော့တွက်ပါကမှားပေမည်။ ၀န်ထမ်းတိုင်းသည် ဆိုင်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေး၊အမှိုက်ပစ်ခြင်း
စသည့် ဆိုင်ဧ။်အထွေထွေအောက်ခြေသိမ်းလုပ်ငန်းအစုံကို သူ့တာဝန်ဖြင့်သူ အလှည့်ကျလုပ်ရသည်။
အရက်နှင့်စားသောက်ဆိုင်(ဂျပန်အခေါ်Izakaya)နှင့်ခေါက်ဆွဲဆိုင်စသည့်အစားစာဆိုင်တွေမှာလုပ်လျှင်
ထမင်းတနပ်ကျွေးသည်။ အလုပ်ကအချိန်ပိုင်းအလုပ်ဖြစ်တာမို့တနာရီလုပ်ခဘယ်လောက်ဆိုတာအပြင်
လမ်းစရိတ်(ရထားခအသွားပြန်)ပေးတာထုံးစံဖြစ်သည်။ မပေးသောဆိုင်များလည်းရှိပါသည်။ ဟိုတယ်
တွင် Maidဟုခေါ်သောအခန်းရှင်းလင်းရေးလည်းလုပ်ကြသူများသည်။ Business နှင့် Love ဟိုတယ်ဟူ
သော ၂မျိုးရှိပြီး Loveဟိုတယ်များကညစ်ပတ်တာမို့ လုပ်သူသိပ်မရှိပါ။ ကွန်ဗီနီ ဟုခေါ်သော၂၄နာရီ
စတိုးတွေမှာလည်းကျောင်းသားအများစုလုပ်ကြသည်။ သက်သာကာသန့်လည်းသန့်ပါသည်။ သို့ငြား
ထမင်းမကျွေးပေ။
ကျောင်းပြီးသည့်နောက်အလုပ်အခြေနေ
ဂျပန်ဘာသာကျောင်းတက်သူများအတွက်ကတော့ကျောင်းပြီးလျှင် အလုပ်မရနိုင်ပါ။ အများစုလုပ်နေ
ကြသည်မှာ တဆင့်ပိုမြင့်သော အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်း သို့ ကောလိပ် သို့
တက္ကသိုလ်များသို့ ကျောင်းဝင်ခြင်းဖြစ်သည်။ ယင်းသို့ဖြင့် ဗီဇာသက်တမ်းကိုဆွဲချဲ့ကြပေသည်။
ကျောင်းလျှောက်ခြင်းကပူစရာမလိုပေ။ ဂျပန်ဘာသာကျောင်းမှအားလုံးစီစဉ်ဆောင်ရွက်လျှောက်ထား
ပေးသောကြောင့်ဖြစ်ပေသည်။
အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်း သို့ ကောလိပ် သို့တက္ကသိုလ်များတွင် ဘွဲ့ရပါက
ဂျပန်စာနှင့်အတတ်ပညာကိုအမှန်တကယ်တတ်မြောက်သူဖြစ်လျှင်အလုပ်လျှောက်ပြီး အလုပ်ဗီဇာဖြင့်
ဆက်နေနိုင်ပေသည်။ အင်္ဂလိပ်စာပါကျွမ်းကျင်လျှင် အလုပ်ရရန်အခွင့်လမ်းပိုပေမည်။
လတ်တလောဂျပန်အခြေအနေ
၂၀၀၉ခုနှစ်မှာ ဂျပန်ဟာ နိုင်ငံခြားသားပညာသင်ကျောင်းသားအတော်များများကို ဗီဇာအလွယ်တကူ
ချပေးခဲ့ပါတယ်။ဒါ့အပြင် မြန်မာကိုအတော်မျက်နှာသာပေးတယ်လို့ဆိုရမှာပါပဲ။မြန်မာပြည်မှာကျင်းပတဲ့
ဂျပန်စကားပြောပြိုင်ပွဲမှာဆုရရှိသူကို ဂျပန်ကို ၁လခွဲကြာ လေ့လာရေးခရီးပို့ဆောင်ပေးပါတယ်။
တိုကျိုအနီးတ၀ိုက်ကိုရောက်လာတဲ့ကျောင်းသားတွေမနည်းပါဘူး။ အလုပ်ရှားနေပါတယ်။
တခြားဒေသတွေကတော့သိပ်မသိပါဘူး။ ပိုဆိုးမယ်လို့တော့ထင်ပါတယ်။ ဒါကြောင့်ကျောင်းလာတက်
မယ်ဆိုလျှင် ဂျပန်ဘာသာစကားမကျွမ်းကျင်ရင် ရောက်လာတဲ့အခါ အလုပ်ရဖို့ခက်ပါလိမ့်မယ်။
ဒီမှာက ၁လဆိုလျှင်ဆိုသလောက် အနည်းဆုံးနေစရိတ် ၃သောင်းခွဲကုန်မှာမို့ အလုပ်မရှိတာ အတော်
ရင်ပူဖွယ်ပါ။
ပုဂ္ဂိုလ်ရေးသတင်း
ကျောင်းလာတက်သူ အသိတဦးရဲ့အဆောင်က ၁လ ၃သောင်းခွဲ၊ အဆောင်ကြီးကြပ်ခ
တလတသောင်း၊ ရေမီးသက်သက်ပေးရပြီး ယခုလ ရေဖိုး ၅သောင်းကျော် နှင့်မီးဖိုး၂သောင်းကျော်ကို
ကျောင်းသား၁၁ယောက်ခွဲဆောင်ရမှာမို့ငြီးညူနေပါတယ်။
မြန်မာပြည်မှာကွန်ပျူတာတက္ကသိုလ်ကဘွဲ့ရပြီးမာစတာတက်ခွင့်ရတဲ့ညီမ၀မ်းကွဲလေးကဂျပန်မှာကျောင်း
လာတက်ဖို့ ဂျီတော့ခ်ကနေတိုင်ပင်ပါတယ်။ မိဘတွေကကြွယ်ဝတာမို့ ခုထွက်ချင်ချက်ချင်းထွက်နိုင်တဲ့
ငွေကြေးရော ပညာပါ ပြည့်စုံတဲ့ခလေးပါ။ သို့ငြား ချက်ချင်းလာဖို့ကိုယ်အားမပေးပါ။ အင်္ဂလိပ်စာနှင့်
ဂျပန်စာကို အနည်းဆုံးအဆင့်၂အောင်အောင်လုပ်ဖို့အကြံပေးလိုက်တာမို့ ခုဆိုရင်ဒီခလေး သင်တန်း
တွေ စအပ်နေပါသတဲ့။
ဂျပန်နိုင်ငံပညာသင်ကျောင်းသားရေးရာဝန်ဆောင်မှုအဖွဲ့စည်းJassoမှာအသေးစိတ်ဝင်ရောက်ကြည့်ရှု
လေ့လာနိုင်ကြောင်းပါ။
ဒီမှာကတော့ကျောင်းတက်မည်ဆိုလျှင်မိမိသိလိုသောခေါင်းစဉ်ကိုရွေးချယ်ပြီးအသေးစိတ်စုံလင်စွာ
ဖတ်ရှုနိုင်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
ပြုစုပျိုးထောင် မွေးခဲ့ကျွေးခဲ့တဲ့အဖေနဲ့အမေ
ပြီးတော့ငယ်ငယ်ကတကျက်ကျက်နဲ့
အပျိုဖော်ဝင်လာတော့သိပ်ချစ်တတ်၊ရိုင်းပင်စည်းလုံးလာတဲ့တို့ညီအမတွေ
ပြီးတော့အလွန်အင်အားတောင့်တင်းတဲ့ဝမ်းကွဲညီအကိုမောင်နှမတွေ
ပြီးတော့ကိုယ့်အပေါ်ချစ်ခင်ယုံကြည် ဆုံးမသွန်သင် ကူညီပေးလေ့ရှိတဲ့ အဒေါ်တွေဦးလေးတွေ
အမြဲတမ်းအပြန်လှန်အားပေးနှစ်သိမ့်သွန်သင်ပေးခဲ့တဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားတွေ
ပြီးတော့ ဘ၀ရဲ့မမျှော်လင့်တဲ့ ဆုံးရှုံးနစ်နာ၊ မအောင်မြင်မှုတွေ
အဲဒါတွေမရှိရင်ဘ၀ကြီးက ရိုးရှင်းနေမှာ
နာကျင်ခဲ့ရတာတွေရှိလို့၊ ဆုံးရှုံးတာကိုခံစားကြေကွဲခဲ့ရတာတွေရှိလို့
မတရားတာတွေ ကြုံဖူး၊ ခါးသီးဖူးလို့ ကိုယ်ကတခြားသူတွေအပေါ်မှာထားတဲ့စိတ်အပေါ်
ကိုယ်ချင်းစာတရားကိုမွေးဖွားစေလို့ပါ
ဒါကြောင့်မကောင်းမှုမလုပ်မိဖို့၊ ကောင်းတာလုပ်ဖို့ အသိတရားမွေးဖွားစေလို့ပါ
ပြီးတော့ကိုယ့်အပေါ်ဒုက္ခပေးခဲ့ဖူးတဲ့သူတွေ
အဲလိုလူတွေရှိလို့ကံကံရဲ့အကျိုးဆက်တွေ၊ ၀ဋ်ဆိုတာရဲ့သဘောတွေကို ပိုတွေးမိ အသိဝင်မိလို့ပါ
ပြီးတော့ဒီဘ၀မှာ အပါယ်ဘုံမဟုတ်သော လူ ဖြစ်ခွင့်ရတာနဲ့
ခြေလက်အင်္ဂါစုံလင်စွာနှင့် ဆင်ခြင်တွေးတောမှတ်သားနိုင်စွမ်းရှိတဲ့ဦးနှောက်တစ်ခုရှိတာရယ်
ပြီးတော့အစစအရာရာနားလည်မှုအပြည့်နဲ့ ဆိုးတာတွေရှိလည်းခွင့်လွှတ်ပေးပြီး အမြဲသွန်သင်လမ်းညွှန်ပေးတဲ့လက်တွဲဖော် သူရှိတာရယ်
。。。。。。
Saturday, November 21, 2009
ယနေ့မှစကာ.....
အလုပ်တာဝန်နဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျပန်ကျောင်းထိုင်ဘုန်းတော်ကြီးတပါးနဲ့သွားတွေ့ခဲ့တုံးကပါ။
အဲလိုနဲ့ဘုန်းဘုန်းပြောခဲ့တဲ့စကားလေးကိုသွားသတိရမိတယ်။
စိတ်နှလုံးဆိုတာ ရေလိုပါပဲ။
ထည့်တဲ့ခွက်(အရာတထ္တု)ဆိုတာ မိမိကဖန်တီးတာပါ။
သေးငယ်တဲ့ရေခွက်ကလေးထဲ ထည့်ထားတဲ့ရေထဲကို မည်းနက်နောက်ကျိတဲ့မင်တစက်ထည့်လိုက်ရင်
ရေတခွက်လုံးမည်းနက်နောက်ကျိသွားမှာပေါ့။
သို့ငြား ပင်လယ်ကြီးလိုကျယ်တဲ့ ရေတွေထဲ မင်တစက်ထည့်ရင် မည်းနက်နောက်ကျိခြင်းမရှိသလိုပါပဲ
မိမိကဘယ်လိုထည့်စရာနဲ့ခံယူမလဲဆိုတာပေါ် မူတည်ပါသတဲ့။
လောကမှာစိတ်တိုင်းမကျတာတွေအများကြီး...အများကြီးပေါ့
သွေးသားရင်းချာတောင် ခဏခဏ စိတ်ချင်းမတိုက်ဆိုင်ကြသေးတာ
လူတွေကို မိမိစိတ်နဲ့အခန့်မသင့်လို့စိတ်ဆိုးရရင် ဆုံးမှာမဟုတ်ပေဘူး
ပြီးတော့တဖက်လူကမကောင်းဘူးဆိုရင်တောင် မည်းနက်တဲ့မင်တစက်လို မိမိအပေါ်ပြုမူလာရင်တောင်
မိမိက ပင်လယ်ကြီးလို ခံယူဖို့ ကြိုးစားရမှာပေါ့လို့တွေးမိတယ်။
လူဆိုတာ မှားလေ့ရှိတတ်တဲ့သတ္တ၀ါတွေပဲ
ကိုယ်လည်းအကြိမ်ကြိမ်မှားခဲ့ဖူးတာတွေရှိတယ်
ခုထိလည်း တခါတလေ မှားနေတတ်တုံးပဲ
ဒါကြောင့် အခြားလူတွေ တခါတလေမှားတတ်တာကိုလည်း ခွင့်လွှတ်နိုင်ဖို့အရေးကြီးတယ်။
လူသားတွေအချင်းချင်း ချစ်ခင်ရိုင်းပင်းကူညီပြီး
ကောင်းကျိုးတွေသယ်ပိုးသွားကြရင် ဒီကမ္ဘာကြီးပိုလှလာမှာပါ။
တွေးမိတယ်။ ကိုယ်ဟာလည်း လိုသေးတယ် အများကြီးလို့။
ကြိုးစားရဦးမယ်။ စိတ်အတွင်းထဲထိ လှပသန့်ရှင်းအေးချမ်းဖို့....
:)
Friday, November 6, 2009
ဂျပန်ဟင်းလျာကုန်ကြမ်းများ ၁
ငံပြာရည် 醤油‐しょうゆ
ငံပြာရည်ကတော့အများသိနေကြ၊သုံးဖူးနေကျပေမဲ့ဂျပန်ငံပြာရည်ကတော့မြန်မာလိုငါးမှထုတ်သော
ငါးငံပြာရည်(သူတို့အခေါ်nanpuraナンプラー)လိုမဟုတ်ပဲ၊ ဒိုင်းဇု大豆 တနည်း soybeanလို့ခေါ်တဲ့
ပဲစေ့ကထုတ်လုပ်တဲ့ငံပြာရည်အမျိုးအစားဖြစ်ပြီး ဂျပန်ဟာငံပြာရည်အလွန်သုံးတဲ့နိုင်ငံလို့ပင် ဆိုလောက်
ပါသည်။
တခုထူးခြားတာက မြန်မာပြည်မှာပဲငံပြာရည် အပျစ်နှင့်အကျဲဆိုတာရှိပြီး၊ အကျဲနှင့် ဂျပန်ငံပြာရည်ဟာ
ဆင်တူပါတယ်။ အပျစ်ကတော့အချိုနှင့်အရောင်အတွက်မြန်မာပြည်မှာသုံးကြတာပါ။
ဂျပန်မှာတော့ ငံပြာရည်ကိုပဲ အလေး(こいくち)နဲ့အပေါ့(うすくち)ဆိုပြီးနှစ်မျိုးရှိပါတယ်။

အသုံးများပြီး အပေါ့ကိုတော့ ဥပမာ အရည်စွက်စွက်လေးအသားအသီးရွက်နဲ့ရောကြော်ပြီးထမင်းပေါ်
ပုံစားတဲ့အခါမျိုးမှာ အပေါ့ရည်ကိုသုံးပါတယ်။
အခြားငံပြာရည်အမျိုးစားများ
たまり(溜り)- 刺身につけたり、照焼きのタレなどに向く
တမရိ ဆိုတာကတော့ အသားစိမ်းနဲ့မကျက်တကျက်ကင်တဲ့အခါတွဲစားတဲ့ဆော့စ်လိုမျိုးသုံးပါတယ်
さいしこみ(再仕込み)- 刺身、寿司などに向く
စိုင်းရှိကိုမိ ဆိုတာကတော့ အသားစိမ်းနဲ့ထမင်းလိပ်စတာတွေစားတဲ့အခါသုံးပါတယ်
しろ(白)- 煮物に向く
အရောင်ဖျော့ဖျော့ကြည်ကြည်၊ငါးငံပြာရည်နဲ့ဆင်တူပြီးဆားဓါတ်လေးကာအချိုဓါတ်ပါဝင်ပါသည်။
ပြုတ်ပြီးချက်တဲ့အခါမျိုးတွေသုံးပါတယ်။
減塩しょうゆ・うす塩しょうゆ -
သွေးတိုး၊နှလုံးနှင့်ကျောက်ကပ်ရောဂါရှိသူတွေစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်တာပါ။
ဒါကတော့ဆားပါဝင်မှု၉ရာခိုင်နှုန်းပဲရှိပြီးပုံမှန်ငံပြာရည်တွေထက် တ၀က်လျော့နည်းပါတယ်။ ငံပြာရည်
အပေါ့ဆိုလျှင် ဆားပါဝင်မှု၁၃ရာခိုင်နှုန်းရှိတာမို့ ပုံမှန်ငံပြာရည်ရဲ့၈၀ရာခိုင်နှုန်းအငံဓါတ်ရှိတယ်လို့
ဆိုပါတယ်။
昆布しょうゆ ကွန်းဘုရှောယု ဒါကတော့အိမ်မှာအသုံးများပါတယ်။ ကွန်းဘုလို့ဆိုတဲ့ရေညှိရွက်မှအချိုနှင့်
ငံပြာရည်ကိုပေါင်းစပ်ထားတာမို့ အချိုအငံအရသာ၂မျိုးလုံးပါဝင်ပါတယ်။
刺身しょうゆဆာရှိမိရှောယု ဒါကတော့ ဆာရှိမိစားရင် တို့စားတာပါ။
だししょうゆ ဒရှိရှောယု ဒါကလည်း ဒရှိလို့ခေါ်တဲ့အချိုနဲ့အငံအရသာပေါင်းစပ်ထားတာပါ
မိရင်း MiRin みりん

မိရင်းဆိုတာ ဂျပန်ဟင်းလျာချက်ပြုတ်ရာမှာအသုံးပြုတဲ့ကုန်ကြမ်းတွေထဲ သကြားဓါတ် ၄၀ မှ ၅၀ ရာခိုင်နှုန်း နှင့် အယ်လ်ကိုဟော၁၄ရာခိုင်နှုန်းခန့် ပေါင်းစပ်ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
အရသာကအချိုဓါတ်ဖြစ်ပြီး အ၀ါရောင်အရည်ကြည်ကြည်ဖြစ်ပါတယ်။
အသုံးပြုတာကတော့
- ပြုတ်တဲ့ဟင်းလျာ 煮物
- (ဆန်သို့ဂျုံ)ခေါက်ဆွဲ၊အုဒွန်း(နန်းကြီးကဲ့သို့ခေါက်ဆွဲအလုံးကြီး၊မုန့်ဖတ်ကဲ့သို့သောဆိုးမန်း)
. (そうめん、そば、うどん、冷麦)စတာတွေနဲ့တွဲဖက်စားတဲ့အချိုရည်ပြုလုပ်ရာမှာ
. ငံပြာရည်-しょうゆ အချိုရည် -だしနှင့် မိရင်း-みりんကို ရောစပ်သုံးပါတယ်။
ခံစားမိသမျှနိုင်ငံရပ်ခြားဘဝ
ထင်မိပါတယ်။ ကိုယ်လည်းဒီလိုပါပဲ။ အရင်ကတော့ Culture Shockဆိုတာ ၀တ်ပုံစားပုံ ကွာခြားမှုလောက်သာထင်ထားမိတဲ့ကိုယ်ပါ။
ဒီတကြိမ်ရောက်ပြန်တော့လည်းအစစအရာရာ သူဘေးနားမှာလိုတာတွေဖြည့်ပေးနေလည်း တော်တော်နဲ့အသားမကျနိုင်ဘူး။ ဘာအဆင်မပြေဘူးလည်းဆိုတော့လည်း ဒီလောက်ခက်ခဲတာ
ရယ်လို့မရှိ။
ဒါပေမဲ့ ဒီရက်ပိုင်းတွေမပျော်ဘူး။ အိမ်ကိုလွမ်းမိတယ် အကြိမ်ကြိမ်။ တခါတလေ ငိုမိတယ်။
သူကပြောတယ် ပြန်လည်ဖို့။ ပြန်လည်ဖို့လောက်ခံစားရသလားဆိုလည်း မဟုတ်ပြန်ဘူး။
အဲလိုနဲ့အပျင်းပြေဆောင်းပါးလေးတွေလှန်လှောကြည့်တော့ သွားတွေ့တယ်။
နောက်တော့ကိုယ်သိသွားတယ်။ Culture Shock နည်းနည်းဖြစ်နေတာ။ ပတ်ဝန်းကျင်က ဂျပန်တွေချည်းမို့
ဗမာစကားသိပ်မပြောဖြစ်ဘူး။ နေ့တိုင်းမပြောမဖြစ်ဂျပန်လိုပြောနေရတယ်။ အထီးကျန်ပြီးအားငယ်နေရော
တခါတလေ အကြောင်းမရှိငိုချင်နေတယ်။ လမ်းသွားရင် ရထားပေါ်မှာအလိုလိုစိတ်တိုနေတယ်။
ဒီမိန်းမမျက်နှာကြောတင်းလိုက်တာ မြင်ရတာ မဆီမဆိုင်စိတ်တိုမိတယ်။
ဗမာအစားစာသိပ်မစားဖြစ်တာလည်း ရောက်ခါစကတည်းကပဲ။
အဲလိုနဲ့ ကိုယ့်ကိုယ်ကိုဘာဖြစ်လဲသိအောင် ကျန်းမာစိတ်ပျော်ရွှင်အောင်နေနိုင်ကြဖို့ ဒီဆောင်းပါးလေးညွှန်းလိုက်ပါရစေ။
အားလုံးအတွက်သိစေချင်လို့ဝေမျှပေးလိုက်ပါတယ်။
နိုင်ငံရပ်ခြားမှာရှိသူတိုင်းဖတ်သင့်တယ်လို့လည်းထင်ပါတယ်။
Something About Culture Shock
ံHow to cope with Culture Shock?
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
Thursday, November 5, 2009
သတိရမိတဲ့မေနဲ့ဟင်းလျာ
ဖေကဇီဇာကြောင်တာနဲ့အမျှမေကပါရမီဖြည့်ဖက်ကောင်းပီပီဟင်းချက်အလွန်ကောင်းပေါ့။
ဖေကအပြင်မှာမစားဘူး။အိမ်ထမင်းမှအိမ်ထမင်း။
အရည်သောက်တခွက်၊အသီးရွက်ကြော်တခွက်၊ဆီပြန်တခွက်ပါမှ။ အရည်နဲ့အသီးရွက်ကြော်ကလည်းပူမှ။
ပြီးတော့သားသမီးသိပ်ချစ်တော့ ဟိုသမီးကဒါမစား ဒီသမီးကဒါမစားနဲ့
ကိုယ်တို့အိမ်ကအမြဲလိုလိုဟင်းခွက်များတယ်။
အဲဒါတွေမြင်တော့မေပင်ပမ်းတယ်၊သနားစရာလို့တွေးမိတဲ့ကိုယ်ဇီဇာမကြောင်အောင်နေဖို့ကြိုးစားတယ်။
အစားဂျီးမများအောင်ကြိုးစားတယ်။ သို့ငြားသတိထားမိတဲ့အချိန်မှာကိုယ်ဂျီးမများပုံက
မကြိုက်ရင်လုံးဝမစားစနစ်၊အပြင်မှာလျှောက်စားတယ်။
အိမ်မှာမစားရင်မေကငါ့သမီးလေးသနားပါတယ်တွေးပြီးနောက်နေ့ကြိုက်တာတွေရှာကြံချက်ပေးရော။
မုန့်လုပ်တဲ့နေ့များဆိုဘူးထဲထည့်အခန်းထဲကစားပွဲပေါ်လာတင်ပေးထားတယ်။ အဲလိုမေ။
ဖေကအသုပ်ကအစ မုန့်အမျိုးမျိုး၊ပူတီ၊ချပါတီ၊တိုရှည်...အားလုံးအိမ်မှာလုပ်ခိုင်းပြီးစားတဲ့သူ
မနက်စာအသုပ်ဝယ်စားရင် အချဉ်ရည်ဆိုတာမသန့်ကြောင်းကစလို့ နားအူပြီသာမှတ်
အဲတော့ကိုယ်က အပြင်မှာတွေ့ကရာဝယ်စားတယ်။ ၀မ်းပျက်ရင်တိတ်တိတ်လေးဆရာဝန်သွားပြ။
လှည်းတန်းလမ်းဘေးကအမဲအူပြုတ်သုတ်ဆိုင် ရွှေတိဂံရှမ်းခေါက်ဆွဲဆိုင် ၀က်သားလုံးကြော်
တရုတ်တန်းက၀က်ကောက်ညှင်းနဲ့ကော်ရည်
အင်းယားကသူနဲ့အမြဲတူတူသွားစားတဲ့ဝက်သားတုတ်ထိုး
အိုး အားလုံးကိုလွမ်းတယ်။
အဲတော့အိမ်မှာရှိတဲ့နေ့အငြိမ်နေနေရရင်ပျင်းတဲ့ကိုယ်ကဘာလုပ်လဲဆိုတော့ဦးဆောင်ပြီး
မုန့်လုပ်စားတယ်။ဘိန်းမုန့်ကအစတခါလုပ်စားဖူးအောင်ပေါ့။
မေကမြန်မာဟင်းနဲ့အိန္ဒိယစာချက်တာသိပ်တော်ပေါ့။ မေ့ဆိတ်သားဟင်းကနာမည်ကြီး။
အိမ်မှာဝက်နဲ့အမဲမှဖေကမစားတာ။
နှစ်ကူးတို့ မွေးနေ့တို့ ပါတီလုပ်ပြီးမောင်နှမတွေအပီဝါးကြ စကားတွေဖောင်ဖွဲ့ကြတဲ့အခါဆို
ကိုယ်ကအိုးသူကြီး။ ကြက်ကင်မလား ငါးကင်မလား အာလူး အသီးရွက်ကင် မလား လာထား
ကြာဇံကြော် ခေါက်ဆွဲကြော် ထမင်းကြော်လည်းရတယ်
ကိုယ်ကတရုတ်စာသိပ်ကြိုက်တာကိုး ရှမ်း ကချင် ကရင်ဟင်းတွေလည်းကြိုက်သေး။
သူ့ကိုယ်လည်းချက်ပြီးကျွေးနေကျ။
အဲလိုကိုယ်ကဒီရောက်တော့သူဝယ်ထားတာအားလုံးဂျပန်ပစ္စည်းတွေချည်းနဲ့
တပါတ်လောက်က တရက်မှစားလို့မကောင်း။
သူကတော့အထင်ကြီးရှာတယ် ဒီမှာတနှစ်လောက်နေဖူးတော့ သိနေမယ်ထင်တဲ့ပုံ
ကိုယ်ကကွိစိကွိစိမေးတတ်သူမဟုတ်တော့ မေးရမှာကို အလုပ်ရှုပ်တယ်ထင်တာလေ
ချက်ခါနီး ဒါဘာရည်ပါလိမ့် ကောက်မြည်းပြီး ထည့်ပစ်တာဆိုတော့ သွားတာပေါ့ကွယ်
နောက်တော့သူသိသွားတယ် ကိုယ်ရမ်းတုတ်နေမှန်း အဲလိုနဲ့သူ့ဆီကဟင်းချက်ပညာ
သင်ယူရတာ နှစ်လခန့်။
:D
မြန်မာအများစုကမြန်မာဆိုင်သွားပြီးမြန်မာပစ္စည်းတွေအ၀ယ်များတာတွေ့ရတယ်။
ဒါကြောင့်အများစုကသိပ်မသုံးဖြစ်ကြသလို မသိကြတာ နားလည်လာတယ် (ကိုယ်တိုင်ကိုယ်တွေ့မို့ပါ)
တခါတလေဂျပန်ဖြစ်ကပိုသက်သာတာတွေအများကြီးပဲ။
အဲလိုနဲ့ဂျပန်ပစ္စည်းလေးတွေရေးဖို့စိတ်ကူးရမိတယ်။
ဝဆဘိမသိရင် မစားတတ်ရင် ဆာရှိမိမစားနိုင်သလိုပေါ့ ကုန်ကြမ်းဟာသိပ်အရေးကြီးတယ်။
ကိုယ်တော့လား ဂျပန်စာကျွမ်းတယ်ထင်ရင်မှားလိမ့်ပေမပေါ့နော်
သိပ်မချက်ဖြစ်သေးပါဘူး။ သူရဲ့လမ်းညွှန်မှုအောက်မှာပဲရှိပါတယ်။
ရောက်ခါစလုပ်ဖြစ်တာတွေတအားများတာလည်းပါပေမပေါ့။
ခုဆိုကျောင်းလဲရှိလာပြီဆိုတော့ သေပြီဆရာပေါ့။
ခုတလောအိမ်လွမ်းတယ်
မေ့ကိုလွမ်းတယ်
မေချက်တဲ့ဟင်းတွေစားချင်တယ်။
:(
Saturday, October 31, 2009
အကြောတက်လျှင်ဒါလေးကိုဆောင်
တခါတလေလည်ပင်းတ၀ိုက်လေးနေပြီးတောင့်တင်းနေလောက်အောင်အကြောတက်ပါသည်။
အဲလိုနဲ့သူကရှာရှာကြံကြံအင်တာနက်ကနေဆေးဝယ်ပေးဖို့ရှာတော့
ဒီလည်ပတ်လေးရောင်းတာသွားတွေ့သည်။
အဲလိုနဲ့တခုစမ်းဝယ်သုံးကြည့်တော့တကယ်ကိုထိရောက်ပါသည်။
ခုဆိုသူကနေ့တိုင်းနီးပါးမချွပ်တော့။ နောက်ကိုယ့်အတွက်တခု။
ပြီးတော့သူငယ်ချင်းအမကအကြောတက်သည်ဆိုတော့လက်ဆောင်ပေးဖို့တခု။
ယနေ့တော့သူ့အမေအတွက် တခုထပ်ဝယ်သည်။
ဂျပန်တွင်နေသူအများစုတွင်ကျောင်းသူကျောင်းသားအများစုရှိသဖြင့်အလုပ်တဖက်စာတဖက်ဖြင့်
လိုအပ်မည်ဟုထင်ပါသည်။
ယမ်း၁၅၀၀ခန့်ရှိပြီး လည်ပင်းမှာပတ်ရတာဖြစ်သည်။ သံလိုက်ဓါတ်ဖြစ်ပြီး သံလိုက်ကြိုးလေးလို့ပင်
ပြောနိုင်ပါသည်။
အင်တာနက်မှဝယ်လျှင်
အသေးစိတ်သိလိုလျှင်
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ
နောက်လစာမေးပွဲရှိတာမို့ဘလော့ဂ်အရေးကျဲရင်ခွင့်လွှတ်ပေးကြပါ။
လာဖတ်သူအားလုံးကိုခင်မင်ကျေးဇူးတင်လျှက်
:D
Tuesday, October 27, 2009
ရှုံးနိမ့်တယ်...အောင်မြင်တယ်ဆိုတာ...
အခက်ခဲဆိုတာ ဘာလဲ၊ စဉ်းစားကြည့်စမ်းပါ
ကြီးမားသည့်အတားအဆီးဟူသည်
သင့်မျက်စိကို ပန်းတိုင်မှလွှဲဖယ်လိုက်မိစဉ်
မြင်ရတတ်သည့် ကြောက်မက်ဖွယ်ရာတို့ကို
ဆိုပေသည်။
(ဟင်နရီဖို့ဒ်)
......
ဆော့ခရတ္တိအားလူငယ်များကိုစာရိတ္တပျက်စေသူဟူ၍ မလိုသူတို့က စွပ်စွဲခဲ့ဖူးသည်။
ဆော့ခရတ္တိ၏ ကိုယ်ကျင့်တရားဆိုင်ရာ သြ၀ါဒများကို ယနေ့တိုင် ကမ္ဘာက ဆည်းပူးရဆဲဖြစ်သည်။
ပလေတို၊ အရစ္စတိုတယ် စသည့် ၎င်းင်း၏တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ
အသိပညာ ဖြန့်ဖြူးပေးဝေသည့်ပညာရေးသမားကြီးများ ဖြစ်ခဲ့သည်။
.....
ပီတာ ဂျေ ဒင်နီယယ် စတုတ္တတန်းမှာ ရှိစဉ်က သူ့ဆရာမ မစ္စဖိလစ်(ပ)(စ)က ...
( ပီတာ မင်းဟာ အလကား အသုံးမကျတဲ့ ပန်းသီးပုပ်ပဲ
ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ) ဟူ၍ အမြဲပြောလေ့ရှိခဲ့သည်။
ပီတာသည် အသက် ၂၆နှစ်အထိ စာလုံးဝ မတတ်သလောက် ဖြစ်ခဲ့သည်။
သို့သော် သူ့အား သူငယ်ချင်းတစ်ယောက်က နပိုလီယန်ဟေးလ်၏ အကြံဥာဏ်ဖြင့်ကြီးပွားရေးစာအုပ်ကို
ညလုံးပေါက် ဖတ်ပြပြီးသည့်နောက်တွင် သူ့ဘ၀ ပြောင်းလဲသွားခဲ့သည်။
ယခုအခါ၌ သူသည် ယခင်သူအမြဲရန်ဖြစ်လေ့ရှိခဲ့သည့် လမ်းဆုံလမ်းခွများကို ပိုင်ဆိုင်လျှက်ရှိသည်။
စာလည်း ကောင်းစွာ တတ်မြောက်ခဲ့ရုံမျှမက စာအုပ်စာတမ်းများပင် ရေးသားထုတ်ဝေနိုင်ခဲ့သည်။
သူ၏ နောက်ဆုံးထုတ်စာအုပ်မှာ (ဆရာမပြောတာ မှားသွားပြီ)ဟူ၍ဖြစ်သည်။
.....
အီဗော်လူးရှင်း သီဝရီ၏ ဖခင်ကြီး ချားလ်(စ)ဒါဝင်သည် သူ့ဆရာများနှင့် သူ့ဖခင်ကိုယ်တိုင်က ဥာဏ်ရည်နိမ့်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
.....
ဖန်တီးမှုအနုပညာလောကတွင် ထိပ်သီးတစ်ဦးဖြစ်လာသော ဝေါ့ဒစ္စနေးသည် စိတ်ကူးဥာဏ်ခေါင်းပါးသည် ဟူသော မှတ်ချက်ဖြင့်သတင်းစာအလုပ်မှထုတ်ပယ်ခြင်းခံရဖူးသည်။
ထို့ပြင် ကလေး လူကြီးတကာတို့ လာရောက် လည်ပတ်ကြသော့ ဒစ္စနေး အံ့ဖွယ်ကမ္ဘာလုပ်ငန်းကြီး အောင်မြင်စွာ မတည်ထောင်နိုင်မီ စီးပွားအကြိမ်ကြိမ် ပျက်ခဲ့ဖူးသည်။
.....
ဓါတ်စက်၊ လျှပ်စစ်မီးသီးအပါအ၀င် တီထွင်မှုပေါင်း ၁၃၀၀မျှ ပြုလုပ်ခဲ့သည့် သိပ္ပံပညာရှင်ကြီးအက်ဒီဆင်အား သူ့ဆရာများက အလွန်ထုံထိုင်းသူ၊ ဘာစာမျှသင်မရသူ ဟူ၍ မှတ်ချက်ချခဲ့ဖူးသည်။
.....
၂၀ရာစု၏ အကြီးကျယ်ဆုးံ သိပ္ပံပညာကျော် အယ်လဘတ်အိုင်စတိုင်းသည် အသက်၎နှစ်အရွယ်ထိ စကားမပြောတတ်ခဲ့။
အသက်၇နှစ်သားအထိ စာမဖတ်တတ်ခဲ့။
သူ့ဆရာကလည်း သူ့အား ဦးနှောက်လေးသူ၊ ပေါင်းသင်းဆက်ဆံရေးချို့တဲ့သူ၊
ရူးတူးကြောင်တောင်အတွေးများဖြင့် နစ်မျောနေတတ်သူ ဟူ၍ မှတ်ချက်ချခဲ့သည်။
.....
စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးဖြင့် ကမ္ဘာကလေးစားရသော ရုရှားစာရေးဆရာကြီး တော်စတွိုင်းသည်
ကောလိပ်ကျောင်းမှ တ၀က်တပျက်နှင့် ထွက်ခဲ့ရသူ ဖြစ်သည်။ သူ့အား စာသင်၍မရ၊
စာသင်ချင်စိတ်လည်း သူ့မှာမရှိဟု မှတ်ချက်ချခြင်း ခံရသည်။
.....
နှစ်ဆယ်ရာစု ပထမပိုင်းကာလ၏ အထင်ရှားဆုံး လူသားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူ ဆာဝင်စတန် ချာချီ သည် ၆တန်းတွင် စာမေးပွဲကျခဲ့သည်။
ဘ၀သက်တမ်းတလျှောက်လုံးလည်း နိုင်ငံရေးနယ်ပယ်တွင် ရှုံးပွဲတွေအလီလီ ဆင်နွှဲခဲ့ရပြီး အသက်၆၂နှစ်အရွယ်တွင်မှ ဗြိတိသျှဝန်ကြီးချူပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
.....
အလားတူ အလားတူ အဲသည်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဖြစ်ရပ်မျိုးတွေ အများအပြားပင် ရှိပါသည်။
ထို့ကြောင့် အကယ်၍ သင့်မှာ လောလောဆယ် ဆုံးရှုံးမှု၊ အရေးနိမ့်မှုများ ကြုံတွေ့နေရသည် ဆိုငြားအံ့။ ထိုအတွက် စိတ်ပျက်လက်ပျက်လက်လျှော့လိုစိတ်များလည်းဖြစ်ပေါ်မည် ဆိုငြားအံ့။
သည်ပုဂ္ဂိုလ်တွေအကြောင်း တွေးကာ၊ ထို့နောက် သူတို့အကြောင်းတွေ အသေးစိတ် လိုက်လံလေ့လာကာ၊ စိတ်သစ် အားသစ်တွေ မွေးပြီး ကြိုးစားကြည့်စမ်းပါ ဟု အကြံပေးလိုက်ချင်ပါသည်။
ဆရာဖေမြင့်စာအုပ်မှထုတ်နှုတ်ဖော်ပြပါသည်။
အားလုံးကိုပျော်ရွှင်အောင်မြင်စေချင်ပါသည်။
Friday, October 23, 2009
ဂျီတော့ခ်ထဲကအဘိဓ္ဓါန်များ
အချိန်ပိုင်းဆရာလုပ်ခဲ့စဉ် ထိုစဉ်က လူငယ်လူကြီးအတော်များများဟာ အင်တာနက်ဟာဘာကြီးတုံး
ဆိုရလောက်အောင်စတင်ခောတ်စားခါစအချိန်ပေါ့။ မှတ်မိပါသေးတယ်။
ဂျပန်မလာခင် ၂၀၀၄နှင့်၀၅ခုနှစ်ခန့်ကပေါ့။
အရင်ကကိုယ်လည်းထို့အတူပါပဲ။ အင်တာနက်ဆိုတာအီးမေးလ်သုံးရုံလို့ထင်ထားခဲ့ပေမဲ့
အားလုံးရဲ့အကိုကြီးလိုလည်းဖြစ် ဆရာလည်းဖြစ်တဲ့သူ(ဦးရဲထွန်းအောင်)ရဲ့ကျေးဇူးကြောင့်
မျက်စိနားတွေပွင့်လို့ အတော်များများ ဗဟုသုတကြွှယ်လာခဲ့ရတာပါ။
ဇာခြည်ရေ ငါ့ညီမ ဘလော့ဂ်ရေးပါလားလို့ပြောစဉ်က အယ် ဘာပါလိမ့်လို့ဆိုရအောင် ဘာမှန်းမသိခဲ့
တာပါ။ ဒီလိုနဲ့ဖုံးခတွေဈေးကြီးလို့ နိုင်ငံရပ်ခြားဆက်သွယ်ရေးဈေးပေါတဲ့အပြင်သုံးရလွယ်သော
ဂျီတော့ခ်ကိုစေတနာအပြည့်နဲ့သင်လိုက်ရတာ အသည်းအသန်ပေါ့။ အင်တာနက်ကလည်း ထွန်းကားစ
ဆိုတော့ ကွန်နက်ရှင်လည်းနှေးပါတယ်။ သင်နေရင်း ကွန်နက်ရှင်ကျသွားရင် ရှင်းလင်းချက်တွေ အမြန်
ပြော၊ ကောင်းလာတာနဲ့ လူစုံလိုက်လုပ်နိုင်အောင် အပြေးအလွှားလေ့ကျင့်ကြရပါတယ်။
အဲဒီမှာမတောက်တခေါက်ဘလော့ကလေးစရေးခါစ ဂျပန်ကိုထွက်လာတော့အချိန်မပေးနိုင်ပဲ
အဆက်သွယ်ပြတ်သွားခဲ့ရတာပါ။ တဖန်မြန်မာပြည်ပြန်တော့လည်းကွန်နက်ရှင်မကောင်းတာကို
စိတ်မရှည်တော့မရေးဖြစ်လိုက်တာ ဒီတခါဂျပန်ရောက်မှပဲစရေးနိုင်ပါတော့တယ်။
မြန်မာပြည်ရောက်စဉ်အင်တာနက်ဆိုင်သွားလျှင်အတော်များများကချက်တင်လုပ်နေကြတာကြည့်ပြီး
သူတို့ရဲ့အချိန်တွေနှင့်ဦးနှောက်တွေကိုအနှမြောကြီးနှမြောခဲ့ဖူးပါတယ်။ တကယ်ဆိုအင်တာနက်မှာ
အခမဲ့ ရှာဖွေလေ့လာနိုင် သင်ယူနိုင်တာတွေအများကြီးပါ။ ကမ္ဘာကြီးပြားသွားပြီလို့ ဆိုရလောက်အောင်
ကမ္ဘာပေါ်ကလူသားအားလုံးရဲ့ လေ့လာသင်ယူနိုင်စွမ်းနှင့်ဗဟုသုတရှာဖွေနိုင်မှုကို လူသားအားလုံး
တပြေးညီ ညှိပေးလိုက်တဲ့ နည်းပညာတခုရဲ့စွမ်းအင်ကိုကောင်းစွာအသုံးချနိုင်ဖို့လိုပါတယ်။
အင်တာနက်ခေတ်ကြီးထဲရောက်လာတာမို့ အသိပညာနှင့်ဗဟုသုတစီးဆင်းမှုတွေသိပ်ကိုလွယ်ကူ
လျှင်မြန်လာသလို ကောင်းတဲ့ဘက်ကိုလေ့လာပြီး ကောင်းတဲ့ဘက်မှာအသုံးချတတ်ဖို့ဆိုတာဟာ
လည်း လွန်စွာကိုအရေးကြီးပါတယ်။
အဲလိုနှင့်ပဲ ဒီစာလေးရဲ့ခေါင်းစဉ်လေးဖြင့်နိဂုံးချုပ်ချင်ပါတယ်။
သိသူတွေလဲသိပြီးသားလို့ယူဆပေငြားမသိသူတွေ အသစ်အသစ်တွေအတွက်မျှဝေခြင်းပါ။
ဂျီတော့ခ် သို့ ဂျီမေးလ်ထဲကဂျီတော့ခ်ကိုသုံးနေရင်းဖြင့် အဘိဓ္ဓါန်ကိုသုံးလို့ရပါတယ်။
သိပ်ပြီးစကားလုံးပြည့်စုံကြွယ်ဝတယ်လို့ကိုယ်မထင်ပေမဲ့ တခြားအဘိဓ္ဓါန်websiteတခုခုကို
ဖွင့်ကြည့်တာထက် ပိုမြန်ပြီး မေးလ်နှင့်ချက်တင်သုံးရင်း လက်တကမ်းမို့ အလွယ်တကူသုံးနိုင်
တာမို့ပါ။
ဂျီတော့ခ်မှာ Add (invite) လုပ်ပေးရပါမယ်။
(ဘယ်ဘာသာမှ)2(ဘယ်ဘာသာသို့)@bot.talk.google.com
ဆိုတာလေးကို ဂျီတော့ခ်မှမိမိနှစ်သက်ရာဘာသာတွေကိုရွေးချယ်ပြီး ယင်းအီးမေးလ်လိပ်စာကို
Invite or Add လုပ်ပေးရမှာဖြစ်ကြောင်းပါ။
ဂျီတော့ခ်Websiteမှာတော့အောက်ပါအတိုင်းဖော်ပြထားပါတယ်။
Translation bots
Send a message in one language and have it instantly translated into another. Just add a translation bot to your contacts using the following format: [from language]2[to language]@bot.talk.google.com. There are 24 bots available:
(ar = Arabic, de = German, el = Greek, en = English, es = Spanish, fr = French, it = Italian, ja = Japanese, ko = Korean, nl = Dutch, ru = Russian, zh = Chinese)
- ar2en
- de2en
- de2fr
- el2en
- en2ar
- en2de
- en2el
- en2es
- en2fr
- en2it
- en2ja
- en2ko
- en2nl
- en2ru
- en2zh
- es2en
- fr2de
- fr2en
- it2en
- ja2en
- ko2en
- nl2en
- ru2en
- zh2en
ဥပမာ ဂျပန်-အင်္ဂလိပ်အဘိဓ္ဓါန်ဆိုလျှင်
ja2en@bot.talk.google.com ဆိုပြီးInvite or Add လုပ်ပေးရမှာပါ။
အားလုံးပဲတိုးတက်အောင်မြင်ကြပြီး အများကောင်းကျိုးဝိုင်းဝန်းသယ်ပိုးနိုင်ကြပါစေ
Thursday, October 22, 2009
လာမန် (ခေါက်ဆွဲပြုတ်)

ဆီများတတ်မယ်လို့ မထင်ခဲ့ပါဘူး။
ဒါပေမဲ့အချို့ဂျပန်အစားစာတွေမှာဆီပါဝင်မှုအတော်များတာတွေ့ရတော့လန့်သွားပါတယ်။
အများအားဖြင့်ခေါက်ဆွဲပြုတ်ထဲထည့်တဲ့အစပ်ကိုက ဆီအစပ်ရည်မို့ အိုး စိတ်ညစ်ဖွယ်။
အရသာထည့်ထားတဲ့ကြက်ဥပြုတ်ကိုတော့အကြိုက်ဆုံးပါ။
ကြက်ဥလုပ်နည်းက၃မိနစ်ပြုတ်ပြီး ငံပြာရည်အချိုကျဲနဲ့ရောထားတဲ့ရေနွေးထဲမှာ
ရှီးတခဲလို့ခေါ်တဲ့မှို၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ နယ်ဂိလို့ခေါ်တဲ့ကြက်သွန်မြိတ်ကြီးတွေရောထည့်ပြီး
၁ရက်ခန့်စိမ်ထားရင် ကြာရင်ကြာသလို အတော်စားကောင်းပါတယ်။
ဆီတွေများတာကိုတော့သက်သေပြလိုက်ပါတယ်။
Wednesday, October 21, 2009
ကမာကူရဘုရားကြီးထဲမှာ
ဂျပန်ရောက်မြန်မာတွေကြားမှာကမာကူရဘုရားကြီးဟာအတော်လေးကိုကျော်ကြားပါတယ်။
ကိုယ်လည်းကြည်ညိုမိတာအမှန်ပါ။ အမှတ်ရစရာတွေနှင့်ပေါ့။
အမှတ်မထင်တောင်းလိုက်မိတဲ့ဆုကလေးတစ်ခုဟာကွေ့ကာပတ်ကာနှင့်ဆုတောင်းပြည့်ခဲ့တာမို့
သတိရလို့တွေးလိုက်မိတော့ သြော် ငါ အဲလိုဆုတောင်းခဲ့ဖူးတာပဲလို့ သတိပြုမိလိုက်တော့
တကယ်အံ့သြခဲ့ဖူးပါတယ်။ အခုတော့ အဲလိုဖြစ်နေပါပေါ့လားလို့။
ကမာကူရဘုရားအရင်တခါက၂ကြိမ်ရောက်ဖူးပေမဲ့ဘုရားရုပ်ပွားတော်ထဲဝင်ကြည့်လို့ရတာမသိခဲ့
ပါဘူး။ ဒီတခါဂျပန်ရောက်တော့ ဦးဆုံးကမာကူရကို နှစ်ယောက်သားသွားဖူးတော့ အထဲဝင်လို့ရတာမို့
တဦးယမ်းတစ်ဆယ်နှင့်ဝင်ကြည့်ခဲ့ပါတယ်။
အမြဲတမ်းဝင်ကြည့်ခွင့်ပေးမပေးတော့မသိပါဘူး။
ပြီးတော့ဘူတာမှာမြေပုံတွေကိုအခမဲ့သွားယူနိုင်ပြီး ကမာကူရဘုရားအနီးမှာ အခြားများပြားစွာသော
လည်စရာနှင့် ဘုရားကျောင်း၊ နတ်ကျောင်းတွေလဲအများကြီး ရှိတာမို့ ဟိုဟိုသည်သည်ပတ်ကြည့်စရာ
တွေလည်းများပါကြောင်း။
Saturday, October 17, 2009
ပါးလာတဲ့စာလွှာ
ကြာသပတေး
တိတ်တိတ်လေးစောင့်တယ်။ မလာဘူး။
သူ့ဆီကဖုံးလာတယ်။ ဘယ်လိုလဲ မလာသေးဘူးလားတဲ့။
သောကြာ
ဟော ဆိုင်ကယ်သံကြားတယ်။ စာပုံးထဲစာတွေထည့်သံကြားတယ်။
ရင်တွေခုန်တယ်။ တထိတ်ထိတ်။ သွားကြည့်တယ်။
ဟော အများကြီးပဲ။ သေချာပြီ။
ဒါပေမဲ့ မပါလာဘူး မျှော်သောစာ။
သူ့ဆီကဖုံးလာပြန်တယ်။ စာလာပြီလားတဲ့။
တိုးတိမ်တဲ့အသံ ဟင့်အင်း။
စနေ
နေသိပ်မကောင်းချင်တော့ဘူး။ ရက်တွေလည်းကျော်လှပြီ။
သူကပြောတယ်။ ဒီနေ့အိပ်ရေးဝအောင်အိပ်တဲ့။ ၁၀နာရီခွဲသွားတယ်။
ခဏကြာတော့ ဟော ဆိုင်ကယ်သံ ကြားတယ်။
သူက ပြုံးတုံးတုံးနဲ့ ဟော လာပြီ တဲ့။
အယ် မျက်လုံးပြူးပြူးနဲ့ ခဏငြိမ်သွားတယ်။ စိတ်လှုပ်ရှားစွာ။
စာထည့်ပြီးဆိုင်ကယ်ထွက်တာကို သူကတံခါးဝမှာအဆင်သင့်တိတ်တိတ်လေးစောင့်နေတယ်။
သူတံခါးဖွင့်လိုက်ပြီ။ ဘာစာပါလိမ့်။
အယ် တ၀ုန်းဝုန်းပြေးသွားတဲ့သူ့ခြေသံကြားတယ်။
အား ...သေချာပြီ အရေးကြီးတဲ့စာဆို လူမရှိရင်မထားခဲ့ဘူး။
ထပ်လာပို့ရမယ့်အချိန်ကိုအကြောင်းကြားဖို့စာပဲချန်ခဲ့တတ်တယ်။
သူ ဆိုင်ကယ်နောက်လိုက်တာနေမှာ။
မျှော်နေတယ် သူ့ခြေသံ
ကြာလိုက်တာ
အင်း မမီတော့ဘူးထင်တယ်
ရှာမတွေ့တော့ဘူးထင်တယ်
သိချင်ပါတယ်ဆိုမှ
ဝုန်းခနဲ့တံခါးဖွင့်သံကြားတယ်
သူပြန်လာပြီ
လိုက်တာမမီဘူး စာတိုက်ကိုဖုံးဆက်ရမယ်တဲ့
ကိုယ်က ၀ုန်းခနဲကဆွဲကြည့်တယ် ကိုယ့်နာမည်
ဒါဆိုသေချာပြီ ချက်ချင်းဖုံးလှမ်းဆွဲတယ်
နေ့လည်လာပို့ခိုင်းမယ်လို့
သူကပြောတယ် နေ့လည်မမီဘူးတဲ့ နက်ဖြန်မှတဲ့
ကိုယ်ကပြောတယ် မီတယ် မမီရင် ညနေလာခိုင်းမယ်လို့
နှစ်ယောက်သားငြင်းနေပြီး ကိုယ်ကနံပါတ်ကောက်နှိပ်တော့
သူက ရော့ စိတ်မကောင်းမဖြစ်နဲ့နော်တဲ့
သူတိတ်တိတ်လေးဖွင့်ဖောက်ထားတာစာအိတ်က ထိပ်က ရုပ်ဆိုးစွားနဲ့စုတ်ပြဲနေတယ်
(အေဖိုးဆိုဒ်ပါ)
ဒါပေမဲ့ ကိုယ်သက်ပြင်းကျသွားတယ်။
သူ့မျက်ဝန်းတွေကိုယ်သိတယ်။ အပျော်ကိုမြင်ရတယ်။
စာထုတ်ကြည့်တယ်။
ငိုချင်လာတယ်။ ကိုယ်သိတဲ့အောင်တယ်။အရွေးခံရတယ်ဆိုတဲ့ဂျပန်စာတွေမပါလာဘူး။
အောင်လားဟင် သူ့ကိုမေးတော့ သူက စိတ်မကောင်းမဖြစ်ပါနဲ့ဆိုတဲ့။
မုန်းဖို့ကောင်းလိုက်တာ။ သူက အစသန်လွန်းလို့ ကိုယ်အမြဲစိတ်ညစ်ရတယ်။
ဆက်ကြည့်တယ်။ သင်တန်းတက်ရမယ့်အချိန်တွေ တခြားရှင်းလင်းချက်တွေ
ဟင် မအောင်ရင်တော့မပို့လောက်ပါဘူး
ငိုတော့မဲ့ရုပ်နဲ့သူ့ကိုကြည့်တော့ သနားသွားပုံပေါ်တယ်။
ဒီမှာလေ ခဲ့သဲး တဲ့ အဲဒါအောင်တာပေါ့ ဂုဏ်ယူပါတယ်လို့သူကပြောတယ်။
သတ်မှတ်လိုက်ပြီ လို့ ကိုယ်ကဘာသာပြန်တာကိုး ဘာသတ်မှတ်မှန်းရှာမတွေ့တာ။
အိုး အကျယ်ကြီးထအော်လိုက်တယ်
ပျော်တယ်။
အိမ်ကိုဖုံးဆက်တော့ဖေနဲ့တွေ့တယ်
ဖေကပြောတယ် ငါပြောသားပဲ အောင်မှာပါလို့ :D
ရယ်ချင်သွားတယ်။ အဖေက သူဖြေတာလဲဟုတ်ပဲနဲ့လို့။
ကိုယ်ကတအားစိတ်ပူနေခဲ့တာ။
ခရီးကအစပဲရှိသေးတယ်။
ဆက်ကြိုးစားရဦးမယ် အများကြီး
ဒီလိုပါပဲ ဘာမှမလုပ်မနေတာထက်စာရင်တော့
တခုခုလုပ်နေပြီးကျရှုံးတာ ရတဲ့အရှုံးကသင်ခန်းစာမို့ အရှုံးကအမြတ်ပဲလေ။
ဒါ ဦးလေးသင်ပေးဖူးတဲ့စကား။
ဒီလိုနဲ့အမှတ်တရဒီနေ့လေးကိုရေးမိတယ်။ နောင်တချိန်ပြန်ဖတ်ရအောင်ပေါ့။
Thursday, October 15, 2009
ဂျပန်ထိပ်သီးခေါင်းဆောင်များ
ဂျပန်ပြည်မှာဂိုဏ်းချူပ်တွေပေါပါတယ်။ မြန်မာပြည်မှလာပါသည်။
အဟားဟား သင်လန့်သွားပါသလား။
ဂျပန်ဆိုတာတော်ရုံမြန်မာအလွယ်တကူမလာနိုင်တဲ့နေရာ၊ဗီဇာခက်တဲ့နေရာရယ်လို့
နာမည်ကျော်ပေသည်ကိုး။ မြန်မာအများစုကလဲ ဂျပန်သွားသည်ဟုဆိုလျှင် မိုးကျရွှေကိုယ်လို
ယူဆတတ်ပေသည်ကိုး။ အများစုက ဂျပန်သွားချင်ကြပေသည်။
ဒါကြောင့်ထိပ်သီးမြန်မာများ (အီ)ဂျပန်တွေစုဝေးကြပေသည်။
မျက်နှာထားတွေချီသည်များ၏။ သွေးနားထင်ရောက်သည်များ၏။
ဗီဇာအနေထား ဘာဗီဇာဖြင့်နေသလဲဆိုတာပေါ်မူတည်ကာ မာန်မာနတွေထောင်လွှားကြ၏။
ဂုဏ်ဒြပ်ဆိုသည်ကားကြိုးစားမှုပေါ်မူတည်ကာဖြစ်ထွန်းလာသည့်အရာမို့လူအများအလေးပြု
တတ်သည်မှာအစဉ်လာဖြစ်ပေငြား ဂုဏ်နှင့်မောက်မာခြင်းကိုမခွဲခြားတတ်လေသလား
(အီ)သည်ကိုကြည့်ကာတရားရမိပါ၏။
မပြည့်သောအိုးတွေဘောင်ဘင်ခတ်လေသလော။
ယင်းအထဲတွင်အတော်ပြည့်ဝသော၊ လူတန်းစားမခွဲခြားတတ်သော၊ မျှတကြင်နာတတ်သော
မြန်မာအချို့ (အချို့)ကိုလဲတွေ့သဖြင့် အလွန်လေးစားကြည်ညိုမိပါသည်။
အထူးသဖြင့်ကိုယ်တွေ့လည်းအလွန်များသည်မို့ရယ်ရပါသည်။
လူကသေးသေးလေးမို့အသက်သိရင်တောင်ဘာဖြစ်လဲသူငယ်ချင်းပေါ့အပြောခံရတာများလို့
အသဲယားပါသည်။ အမအခေါ်ခံချင်လို့မဟုတ်ပါ။ ဂါရ၀တရားမရှိသူနှင့်ကြုံသည်ကို ဆုံရပါသဖြင့်။
ပြီးမှဗီဇာအခြေနေမေးကာ လေးစားပေးသဖြင့် စိတ်ကုန်ရပါသည်။
ကိုယ်များတော့ရိုင်းမှာစိုးလို့အားလုံးကို မနေသဖြင့် အလေးမသမားဖြစ်ပါတော့မည်။
ဂါရ၀တရားဆိုတာပဲမေ့လျော့ကုန်ကြသလား။
ကိုယ့်အတွက်တော့ လမ်းဘေးမှာငွေတောင်းနေတဲ့အဘွားကြီးတွေ့လည်း အဘွားဟုခေါ်သူမို့
မြန်မာမှန်ရင် ကြီးသူကိုလေးစား ငယ်သူကိုညှာတာဆိုတဲ့စိတ်ကလေးတော့မမေ့စေချင်ပါ။
အမြဲစိတ်ထဲရှိခဲ့သောအကြောင်းရာများအားပေါင်းစုကာ ယနေ့ဘာရယ်မဟုတ်ရေးဖြစ်ပါသည်။
လွန်တာရှိရင်ဝန္တာမိပါ။
Wednesday, October 14, 2009
ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့် အဲဂျူး 永住 eijuu
永住 - EiJuu - အမြဲနေထိုင်ခြင်း
永住許可 - EiJuuKyoKa - အမြဲနေထိုင်ခွင့်ပြုခြင်း
永住者 - EiJuuSha - အမြဲနေထိုင်သူ
ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့် အဲဂျူး 永住 eijuuဆိုတာ
ကာလအကန့်သတ်မရှိ အမြဲတမ်းနေထိုင်ခွင့်ကိုဆိုလိုပါတယ်။
ယင်းတွင်
(က)အမြဲတမ်းနေထိုင်ခွင့်
ပထမအချက်အနေဖြင့်ကတော့ ဥပဒေအရလိုအပ်ချက်
(၁)အကျင့်စာရိတ္တကောင်းမွန်ခြင်း
ဥပဒေနှင့်အညီကျင့်ကြံနေထိုင်ပြီးလူ့ဘောင်ဝန်းကျင်ကိုလည်းအနှောင့်ယှက်မပြုဖူးပဲ
ကောင်းမွန်စွာနေထိုင်နေခြင်း။
(၂)တကိုယ်ရေရပ်တည်နေထိုင်ရေးအတွက် လုံလောက်သောအရင်းအနှီးနှင့်စွမ်းရည်ရှိခြင်း
နေ့စဉ်လူနေမှုဘ၀မှာအများပြည်သူသို့ဝန်မဖြစ်စေပဲ၊ ယင်းအရင်းနှီးနှင့်စွမ်းရည်အား
တည်မှီပြီး အနာဂတ်တွင် စိတ်ချရသောနေထိုင်နိုင်စွမ်းရည်ရှိသည်ကို ကြိုတင်မှန်းဆနိုင်ခြင်း။
(၃)ထိုသူ၏အမြဲတမ်းနေထိုင်ခြင်းသည်ဂျပန်နိုင်ငံ၏အကျိုးကိုရှိစေသည် ကိုက်ညီသည်ဟု
သတ်မှတ်ခြင်းခံရခြင်း။
(က)အခြေခံသတ်မှတ်ချက်အဖြစ်၁၀နှစ်အထက်ဂျပန်တွင်တောက်လျှောက်နေထိုင်ခြင်း။
ယင်းကာလအတွင်းအလုပ်အကိုင်သို့နေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်နေထိုင်ခြင်းကို
လိုအပ်သည်။
(ခ)ဒဏ်ငွေနှင့်ပြစ်ဒဏ်ကျခံဖူးသူမဖြစ်ခြင်း။ အခွန်ငွေများကိုပျက်ကွက်ခြင်းမရှိပေးခြေနေခြင်း။
(ဂ)လက်ရှိကိုင်ဆောင်ထားသောနေထိုင်ခွင့်နှင့်ပတ်သတ်ပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ခိုလှုံခွင့်
အသိမှတ်ပြုရေး၏သီးခြားဖော်ပြချက်အပိုဒ်၂တွင်သတ်မှတ်ထားသည့်
အရှည်ကြာဆုံးနေထိုင်ခွင့်ကာလဟူသော ခွင့်ပြုချက်ဖြင့်နေထိုင်နေခြင်း။
(ဃ)အများပြည်သူအားထိခိုက်ဖျက်ဆီးစေခြင်းစသည့်အန္တရာယ်မရှိခြင်း
(*)အထူးခြွင်းချက်အနေဖြင့်
ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်
သို့ ခလေးဖြစ်သောအခါ အထက်ဖော်ပြပါ အချက် (၁)နှင့် (၂)မလိုအပ်ပါဘူး။ တဖန်
ခိုလှုံခွင့်ရထားသူဆိုလျှင်တော့ အမှတ် (၂)ကိုက်ညီဖို့ရာမလိုအပ်ကြောင်းပါ။
ဒုတိယအချက်အနေဖြင့်ကတော့ဆယ်နှစ်နေထိုင်မှုနှင့်စပ်လျှဉ်းသည့်အထူးသာဓက

ဖြစ်သောအခါ အမှန်တကယ်ပေါင်းသင်းနေထိုင်ခြင်းဟာ၃နှစ်ကျော်ပြီး ၁နှစ်ကျော်ဂျပန်တွင်
တောက်လျှောက်နေထိုင်နေခြင်း။ ယင်း၏သွေးသားဖြစ်ပါက ၁နှစ်ကျော်ဂျပန်တွင်တောက်လျှောက်
နေထိုင်နေခြင်း။
(၂)အခြေချနေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်ဂျပန်တွင်နေထိုင်နေခြင်း။
(၃)ခိုလှုံခွင့်ရသူများ(ဒုက္ခသည်)အနေဖြင့်သတ်မှတ်ခံရပြီးနောက် ၅နှစ်ကျော်တောက်လျှောက်
ဂျပန်တွင်နေထိုင်နေခြင်း။
(၄)နိုင်ငံရပ်ခြားအဖွဲ့စည်းဆိုင်ရာ၊လူ့ဘောင်၊စီးပွားရေး၊ယဉ်ကျေးမှုဆိုင်ရာများနှင့်စပ်လျှဉ်းပြီး
မိမိတို့နိုင်ငံအားအကျိုးပြူသည်ဟု အသိမှတ်ပြုခံရသူဖြစ်ပြီး ၅နှစ်ကျော်ဂျပန်တွင်နေထိုင်နေခြင်း။
မူရင်းစာမျက်နှာ
(ခ)အထူးအမြဲတမ်းနေထိုင်ခွင့်
ယင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း၊ ၁၉၄၅၊ ၉လပိုင်း၊ ၂ရက်နေ့မတိုင်မီမှစပြီး
ဂျပန်မှာတောက်လျှောက်နေထိုင်(ကျန်ရစ်)ပြီး
ဂျပန်နိုင်ငံသားမဟုတ်သော ကိုရီးယား၊ထိုင်ဝမ်အစရှိသောနိုင်ငံခြားသားများနှင့်ယင်းတို့၏
ဂျပန်နိုင်ငံတွင်းမွေးဖွးသည့်သားစဉ်မြေးဆက်အား ပေးအပ်သောနေထိုင်ခွင့်ဖြစ်ပါတယ်။
wikiမှာ ဒီလိုဖော်ပြထားပါတယ်။
အိမ်သာဆေးခြင်း
နှာခေါင်းကြီးပိတ်ပြီး။
နည်းနည်းကြီးလာတော့ အိမ်သာဆေးခြင်းဟာကောင်းတဲ့အလုပ်ဖြစ်တယ်လို့
မိမိရဲ့အညစ်ကြေးတွေလည်းစင်ကြယ်သွားပါစေ ဆိုတဲ့စိတ်နဲ့ မှန်မှန်ဆေးပါတယ်။
အဲဒီအကျင့်ကစွဲသွားတာ (မြန်မာပြည်)စားသောက်ဆိုင်သွားလို့ ညစ်ပတ်နေရင်တောင်
တ၀ုန်းဝုန်းနဲ့ရေပတ်ဆေးလိုက်ရမှ ကျေနပ်ပါတယ်။
မျက်နှာမှာဝက်ခြံဘယ်နှစ်ဖုပေါက်ဖူးလဲဆိုတာ ဘ၀တသက်မှာရေတွက်လို့ရအောင်ကို
နည်းပါးပါတယ်။ ဒါဟာ စေတနာနဲ့အိမ်သာဆေးတာလုပ်လို့ပြောရင် သူကရယ်ပါတယ်။
ဒါဟာ မျိုးရိုးဗီဇပါတဲ့။
ကြားဖူးတဲ့ပုံပြင်ထဲမှာဥမ္မာဒန္ဒီကတော့အရင်ဘ၀က စေတနာအလွဲနဲ့ရုပ်ဆိုးရသတဲ့။
မင်းကုသဆိုလဲ အလားတူ ကျောက်ပေါက်မာတွေ များရသတဲ့။
ကိုယ်ယုံကြည်တာကတော့ လူတွေဟာစိတ်စေတနာပေါ်မူတည်ပြီး လူတယောက်တည်းရဲ့
ရုပ်ကတောင်အမျိုးမျိုးပြောင်းလဲလာတတ်ပါတယ်။ ရုပ်ဆိုးတာ ချောတာမဟုတ်ပဲ
မျက်နှာရဲ့အကြည်ဓါတ်နှင့် မျက်နှာထား၊ နှစ်လိုဖွယ်ကောင်းမကောင်းကိုဆိုလိုတာပါ။
ဒါကြောင့်စိတ်ထဲဘာမှသိပ်ထည့်မထားတာကောင်းပါတယ်။
လောကီသားမို့ စိတ်ဆိုးချိန်လဲဆိုးပစ်လိုက် ပြီးရင် အားလုံးမေ့ပစ်လိုက်တာကောင်းပါတယ်။
ဒါဟာ သူများအတွက်မဟုတ်ပါဘူး။ မိမိအတွက်ပါ။
ကိုယ်ကတော့မေ့ပစ်ပါတယ်။ ဒါပေမဲ့ တခါခံရရင်တသက်မှတ်သူမို့ ၂ကြိမ်မပတ်သတ်ပဲ
ဥပေက္ခာပြုပစ်လိုက်တာမျိုးပါ။ ဘ၀ထဲမှာမရှိသူ တယောက်လိုကိုသတ်မှတ်ပစ်တာပါ။
ဒီလိုနဲ့ဒီသံသရာထဲမှာဘယ်လောက်ထိမျောပါလည်ပတ်နေဦးမှာပါလိမ့်။
Saturday, October 10, 2009
Harajukuမှာ.....
လမ်းမှာပွဲတော်လုပ်နေတာတွေ့တော့ဝင်နွှဲပြီး


ဆက်သွားတော့ကားပြိုင်ပွဲနဲ့သွားတိုးရော၊နောက်ဆုံးကားတာအထွက်မှာကမန်းကတန်းရိုက်

ပြီးတော့ဂျင်းဂျာကိုအသွားလမ်းကတောတောင်ကြီးထဲဖြတ်သွားရသလို
လမ်းတလျှောက်ကျောက်ခဲလေးတွေညီနေအောင်ခင်းထားတာတွေ့တော့
အိုးအနုစိတ်နိုင်လွန်း၊ စိတ်ရှည်လိုက်ကြတာ အဲလိုနဲ့ဓါတ်ပုံရိုက်


ပြီးတော့အရက်အိုးစင်ကြီးတွေ့တော့လန့်သွားတယ်
ကြီးလိုက်တဲ့အိုးတွေ အများကြီး နတ်ဆက်ဖို့အတွက်တဲ့

လက်ဆေးတဲ့နေရာ နှင့်သူတို့ရဲ့ရိုးရာလေးကိုအမှတ်တရ ဓါတ်ပုံရိုက်ပါတယ်
မကန်တော့ခင် သန့်ရှင်းစင်ကြယ်အောင်ဆိုပဲ
ညာလက်နဲ့စခပ် ဘယ်လက်ကိုအရင်ဆေး ပြီးရင်ဘယ်ဘက်ပြောင်း ညာလက်ကိုဆေး
ပြီးတော့တစိမ့်စိမ့်ကျနေတဲ့ဝါးခေါင်းလေးထဲကရေကိုခံပြီးပလုပ်ကျင်းရပါတယ်


အောင်မြင်သွားလို့ လာပြီး ချိတ်ထားတဲ့ စာချပ်လေးတွေပါ


:)
Wednesday, October 7, 2009
ဂျပန်၏ဗီဇာအမျိုးအစားများ
ဂျပန်၏ဗီဇာအမျိုးအစားများ အများစုဟာ အများသိပြီးသားလို့ယူဆတာမို့အကျဉ်းချုပ်ဆိုရလျှင်
အပိုင်း (၁) - ၁၅ရက်ခန့်မှ၁လ၊၃လ၊၆လမှ၃နှစ်ခန့်ထိ
- သံရေးတမန်ရေး၊ အဖွဲ့စည်းဆိုင်ရာ
- မင်းမှုထမ်း
- ပါမောက္ခ(တက္ကသိုလ်)
- အနုပညာဆိုင်ရာ (တေးရေးဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာစသည့် )
- ဘာသာရေးဆိုင်ရာ
- သတင်းထုတ်လွှင့်ရေးဆိုင်ရာ(ဆောင်းပါးရေးဆရာ၊ကင်မရာသမားစသည့်)
- လုပ်ငန်းရှင် (စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ)
- ဥပဒေနှင့် စာရင်းအင်းပညာရှင် (ရှေ့နေ၊ စာရင်းကိုင် စသည့်)
- ဆေးပညာရှင် (ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြုစသည့်)
- သုတေသနဆိုင်ရာ
- ပညာရေးဆိုင်ရာ
- နည်းပညာဆိုင်ရာ
- ဘာသာပြန်၊ ဒီဇိုင်နာ၊ ပုဂလိကကျောင်းရဲ့ဘာသာစကားသင်ကြားရေးဆရာ စသည့်
- ဂျပန်ရုံးခွဲတွင်ရုံးပြောင်းရန်စေလွှတ်တာဝန်ပေးခြင်းခံရသူ
- ဖျော်ဖြေရေးဆိုင်ရာ (ပြဇာတ်၊ဖျော်ဖြေပွဲ၊အားကစားနှင့်သရုပ်ဆောင်၊အဆိုတော်၊အကသမား
. ၊ အားကစားလက်ရွေးစင်စသည့်)
- အတတ်ပညာရှင်(နိုင်ငံခြားဟင်းလျာစားဖိုမှူး၊အားကစားနည်းပြ၊လေယာဉ်မှူး၊ပန်းထိမ်ပညာရှင်စသည့်)
- ယဉ်ကျေးမှုဆိုင်ရာ(သုတေသနပညာရှင်စသည့်)
- အချိန်တိုလာရောက်ခြင်း (အလည်ပတ်၊ အစည်းဝေးတက်ခြင်းစသည့်)
- ပညာသင်လာရောက်ခြင်း (တက္ကသိုလ်၊ကောလိပ်စသည့်)
- ကျောင်းတက်ခြင်း (အထက်တန်းကျောင်း၊အတတ်မွေးဝမ်းကြောင်းပညာသင်ကျောင်းစသည့်)
- သုတေသန (သုတေသနသမား)
- မိသားစုမှီခို (ပညာသင်ကျောင်းသား၏မှီခိုဇနီး၊ခလေးစသည့်)
- အထူးသတ်မှတ်ထားသောလုပ်ရှားမှုဆိုင်ရာ(တရားရေးဝန်ကြီးကသီးသန့်သတ်မှတ်
. ညွှန်ကြားထားသော နိုင်ငံခြားသားဆိုင်ရာ၊ သံတမန်၊ အလုပ်ပိတ်ရက်လာရောက်ခြင်းနှင့်အတတ်ပညာ
. ရှင် လက်တွေ့လေ့ကျင့်ဖလှယ်ခြင်းသည့် )
အပိုင်း (၂) - ၁နှစ်၊၃နှစ်နှင့် ကာလရှည်
- အမြဲတမ်းနေထိုင်ခွင့် (တရားရေးဝန်ကြီးမှအမြဲတမ်းနေထိုင်ခွင့်အသိမှတ်ပြုခံရသူ)
. (အကန့်သတ်သတ်မှတ်ကာလမရှိ၊ တနည်းကာလရှည်)
- ဂျပန်လူမျိုး၏အိမ်ထောင်ဘက် (ယင်းအပြင်အထူးမွေးစားကလေး၊ ဂျပန်လူမျိုး၏ခလေးအဖြစ်မွေးဖွားသူ)
- အမြဲတမ်းနေထိုင်ခွင့်ရှိသူ၏အိမ်ထောင်ဘက် (ယင်းအပြင်ဂျပန်တွင်မွေးဖွားပြီးဆက်လက်နေထိုင်နေသည့်
. ခလေးစသည့်)
- အခြေချနေထိုင်ခွင့် (တရားရေးဝန်ကြီးမှအထူးအကြောင်းပြချက်တခုခုကိုကိုးကားကာသတ်မှတ်ထားသော
. ကာလတွင် နေထိုင်ခွင့်ကို အသိမှတ်ပြုခြင်းခံရသူ) (နိုင်ငံရေးသမားစသည့်)
. (၃နှစ်ထက်မကျော်သောအတိုင်းတာတွင်း)
ယင်းတို့အပြင် အထူးအမြဲတမ်းနေထိုင်ခွင့်နှင့်ဂျပန်နိုင်ငံသားခံယူခွင့်တွေလည်းရှိပါသေးတယ်။
အဖြေမှန်
ဒါဟာတင်းကြပ်လွန်းပါတယ်။ ဖြစ်နိုင်ချေလည်းနည်းတာမို့
တချက်လေးမှားသွားတာနဲ့ရမှတ်သုညဖြစ်သွားတာပါ။
ကျရှုံးတယ်ဆိုတဲ့ရလာဒ်ထွက်ပါတယ်။
တကယ်တမ်းလူ့ဘ၀မှာတော့တခုတည်းရွေးမှမှန်တာမျိုးမဟုတ်ပါဘူး
ပညာတတ်မှ၊ ချမ်းသာမှ၊ ဘာဖြစ်မှ ညာဖြစ်မှ ဆိုတာတွေ အများကစံညွှန်းသတ်မှတ်ထားသလို
ဖြစ်လာမှ အောင်မြင်တယ်လို့ ဆိုရမှာ မဟုတ်ပါဘူး။
မိမိကိုယ်မိမိအဓိပါယ်ရှိတယ်လို့ ယုံကြည်ရလောက်တဲ့ရှင်သန်မှုမျိုးနှင့်ရှင်သန်သွားနိုင်ရင်
အဖြေမှန်တယ်လို့ ဆိုရမှာပါပဲ။
အဲဒီလိုနေထိုင်သွားနိုင်ဖို့ဆိုတာမိမိရဲ့အတွေးခေါ်ယူဆချက်၊ ၀ါသနာ၊ တန်ဖိုးထားမှု၊ ဆန္ဒပြင်းထန်မှု
ကြိုးစားမှုတွေပေါ်ပဲမူတည်ပါတယ်။
ဂျပန်မုန်တိုင်း 2009 Oct
ဖြစ်ပါတယ်။ ဒေသကိုလိုက်ပြီး မုန်တိုင်းတိုက်ခတ်မှုအရှိန်နှင့် ပြင်းထန်မှုကွာခြားပါတယ်။
တခုကောင်းတာက တီဗီကနေအဆက်မပြတ်သတင်းထုတ်လွှင့်ပေးနေခြင်းပါပဲ။
(ငလျှင်နည်းနည်းလေးလှုပ်သွားတာတောင်တီဗီမှာချက်ချင်း ဘယ်လောက်နှုန်းနဲ့ဘယ်နေရာမှာ
လှုပ်သွားကြောင်းနှင့်အကျိုးဆက်တွေချက်ချင်းထုတ်လွှင့်ပေးလျှက်ရှိပါတယ်။)
ဘူတာတွေရဲ့အခြေနေ၊ ရထားပြေးဆွဲမှုအချိန်နောက်ကျခြင်း၊ ရပ်နားခြင်း၊ ဘယ်လိုင်းတွေကဘယ်လို
အခြေနေဖြစ်နေကြောင်း၊ အခြားလေကြောင်း၊ရေကြောင်းခရီးစဉ်တွေအခြေနေနှင့် လတ်တလော
အခင်းဖြစ်ပွားရာနေရာတွေကိုပါ လိုက်လံရိုက်ကူးပြီး ထုတ်လွှင့်ကြေငြာပေးနေတာမို့
အိမ်ထဲအောင်းနေပေမဲ့ အပြင်ရောက်နေသူထက်တောင် ပိုမြင်တွေ့နေရပါတယ်။
တချို့ဒေသတွေမှာအပင်တွေလဲ၊ကွန်တိန်နာကြီးတွေတောင်ပြိုလဲပြန့်ကျဲနေတာတွေရှိပါတယ်
တချို့အိမ်တွေအမိုးလန်ပြီး၊ ပျက်စီးတာတွေရော၊ အဆိုးဆုံးကတော့ရေမြောင်းလားချောင်းလား
မသိတဲ့အပေါ် လမ်းကူးဆက်ဖောက်ထားသော ကတ္တရာလမ်းမကျယ်ကြီးက ရေထဲပြိုကျနေခြင်းပါ
တိုကျိုနဲ့နီးစပ်သောချိဘကဲ့သို့အချို့ဒေသတွေမှာတောင်မိုးသဲပြီးရေကြီးနေပါတယ်။
တချို့ရထားလိုင်းတွေ၁နာရီ၂နာရီခန့်လမ်းလယ်ခေါင်ရပ်ဆိုင်းနေရတာကြောင့်ခရီးသည်တွေ
တံခါးဖွင့်ပြီးလမ်းဆင်းလျှောက်ကုန်ကြတာလဲတွေ့ရကြောင်းပါ။
ညနေခင်းမှာတော့မုန်တိုင်းကတိုကျိုကိုလွန်သွားမယ်လို့ဆိုပါတယ်။
ဂျပန်ရဲ့တောင်ဘက်ကနေအရှေ့မြောက်ဘက်သို့ရွေ့လျားနေကြောင်းပါ။
တိုကျိုကကိုယ်ခံစားရသောမုန်တိုင်းကတော့
မနက်၇နာရီနိုးလာတော့မိုးသဲပြီး ၈နာရီလောက်မှာမိုးခေတ္တရပ်သွားပြီးလေကတဖြည်းဖြည်းပြင်းထန်
လာပါတယ်။ ခုတော့ ၁၁နာရီ၁၅မိနစ်မှာလေငြိမ်စပြုသွားပါတယ်။၂၅မိနစ်မှာလေတဖန်ပြန်လည်
ပြင်းထန်လာပါတယ်။
အိမ်ထဲကအပြင်မထွက်ပါဘူး။ :D
Monday, October 5, 2009
ဂျပန်ဥပဒေရေးရာ
ဒီကဏ္ဍလေးကိုရေးဖို့ယနေ့အကြံရလိုက်တယ်
မြန်မာပြည်မှာကိုယ်ယူလာတာကလည်းဥပဒေဘွဲ့၊
ဂျပန်ရောက်တော့လည်းအကျင့်ကမပျောက်ဘူး
တခုခုသိချင်ရင်မြေလှန်ရှာတတ်တာဝါသနာနဲ့
ဂျပန်ဥပဒေတွေသွားဖတ်မိတတ်ရင်း
အားလုံးကိုပါဝေမျှသိစေချင်တဲ့စိတ်နဲ့ရေးဖို့စိတ်ကူးမိတာပါ။
ဂျပန်လိုရေးထားတာတွေချည်းများတာမို့ ဂျပန်လိုနားမလည်သူတွေအနေနဲ့လည်း
သိချင်တာရှိရင် ကွန်မန့်ကတဆင့်မေးလို့ရအောင်
အားလုံးအချင်းချင်းမျှဝေဖလှယ်သွားချင်ပါတယ်။
ဗုဒွဟူးလောက်ကစပြီးတခုခုစရေးဖြစ်မယ်ထင်ပါတယ်။
Sunday, October 4, 2009
Wednesday, September 30, 2009
တနှစ်တခါကံစမ်းမဲ USAသို့
ကြေငြာထားတာတွေ့ရှိရပါတယ်။
အောက်တိုဘာ(၁၀လပိုင်း) ၂ရက် ၂၀၀၉ ကနေ စတင်လျှောက်လွှာတင်သွင်းနိုင်ပါကြောင်း။
အရေးအကြီးဆုံးအဓိက၂ချက်ကတော့ ဓါတ်ပုံကိုသတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်းရိုက်ဖို့နဲ့
နောက်တချက်ကတော့ယောင်ပြီးမှားပြီး ၂ခါကလစ်နှိပ်မိလို့ ၂ခါလျှောက်သလိုဖြစ်သွားရင်
အပယ်ခံရမည်ဖြစ်ကြောင်းပါ။
ညွှန်ကြားချက်များ
DV REGISTRATION PERIOD
Entries for the DV-2011 DV lottery must be submitted electronically between noon, Eastern Daylight Time (EDT) (GMT-4), Friday, October 2, 2009, and noon, Eastern Standard Time (EST) (GMT-5), Monday, November 30, 2009. Applicants may access the electronic DV Entry Form (E-DV) at www.dvlottery.state.gov during the registration period. Paper entries will not be accepted. Applicants are strongly encouraged not to wait until the last week of the registration period to enter. Heavy demand may result in website delays. No entries will be accepted after noon, EST, on November 30, 2009.
Tuesday, September 29, 2009
hello work, Japanရဲ့ ရေးဖြေ လူတွေ့အင်တာဗျုး
အရင်တခါရေးဖူးတဲ့ပို့စ်ရဲ့အဆက်ပါ။
သူက တိုးချော(Tokyo Metropolitan Office)(ခွန်ရေးတဲ့ပို့စ်ထဲကပေါ့)အဲဒီကို
သွားပြီး အရင်နေ့တည်းက မေးခွန်းဟောင်းတွေကော်ပီဆွဲလာပေးတယ်။
မေးခွန်းဟောင်းတွေကြည့်ပြီး စိတ်ညစ်သွားတယ်။ ဂျပန်စာလယ်ဘယ်၁ရဲ့အခက်ဆုံး
လို့ ဆိုရမယ့် ခက်ခက်ခဲခဲခန်းဂျီးတွေကို အလွတ်ရေးခိုင်းတာရယ်။ ဂျပန်ဘာသာနဲ့
သချာင်္ဘာသာရယ် ကို ကြည့်ပြီး နည်းနည်းခေါင်းခဲသွားတယ်။
အဲလိုနဲ့ပြည်တော်ပြန်တုံးက EJUဖြေဖို့ အိမ်မှာသချာင်္ဆရာနဲ့တကိုယ်တည်းအပီပြင်သင်ယူ
သချာင်္တွေကြဲခဲ့ဖူးတော့ စိတ်မပူပေမဲ့ အဲဒါကိုပြန်နွေးဖို့ အိုလယ်ဘယ် သချာင်္စာအုပ်ကြီးကလည်း
မြန်မာပြည်မှာကျန်ခဲ့၊ ဒါ့အပြင် ဂျပန်လိုအခေါ်ဝေါ်တွေပြန်မှတ်နဲ့ရှုပ်ယှက်တွေခက်ရင်း
မနေ့ညကတော့စဉ်းစားလိုက်တယ် ကျဖို့ရာနှုန်းများသည်လို့။ သူကလဲအားပေးရှာပါတယ်။
ဒီနှစ်ကဖြေကြည့်ရုံပဲလို့တွေးတဲ့။ အဟက်ဟက်။ ၃ရက်အလိုမှာစာကြိုးစားတဲ့ကိုယ့်ကို။
စိတ်မလျှော့ပါဘူး။ ကျရင်တောင်အမှတ်များများနဲ့ကျပစေ။ ကိုယ်ကတော့ အဲလိုစိတ်နဲ့
သချာင်္ပုစ္ဆာတွေရှေ့ချ၊ ဘေးကကွန်ပျုတာမှာလဲ သချာင်္သီအိုရီတွေကို MITကစလို့ Wikiမချန်
အပီပြင်လျှောက်ဖတ်ပါတယ်။ အဲလိုနဲ့ည၁နာရီထိုးသွားတယ်။ အိပ်ဖြစ်တော့ ၁နာရီခွဲ။
မနက်၇နာရီနိုးတော့စိတ်ထဲမှာမကျေဘူး inscribed angels of circle ရဲ့ theoryတွေရှာမတွေ့
သေးလို့ ။ ပြင်ဆင်နေရင်းနဲ့အင်တာနက်ထဲမှာအသဲသန်ရှာဖွေတွေ့ရှိပါတယ်။
ရောက်သွားပြီးဖြေရမယ်ဆိုတော့ အားလုံးဂျပန်တွေကြားမှာ ကိုယ်တဦးသာနိုင်ငံခြားသား၊
ပြီးတော့ စာမျက်နှာ၄၀ခန့်ရှိတဲ့စာအုပ်ဘီ5လောက်ရှိတာကို တယောက်တအုပ်ပေးတော့
အိုး ဒုက္ခပဲ မမျှတတဲ့တိုက်ပွဲလို့တွေးပေမဲ့ ကျောင်းကဆရာတွေကလဲ နိုင်ငံခြားသားပါတာကို
ထည့်စဉ်းစားပုံပေါ်ပါတယ်။ ခက်တဲ့ခန်းဂျီးတွေရေးခိုင်းတဲ့မေးခွန်းပုံစံမဟုတ်ပဲ ဂျပန်ဘာသာနဲ့
အလွယ်ဝါကျတွေပုံစံမျိုးနဲ့ IQ Test ကို စစ်တာဖြစ်နေရော။ တော်ပါသေးရဲ့။
စဆိုတာနဲ့ စ။ ရပ်ဆိုတာနဲ့ခဲတံဘေးချရပြီး။ သချာင်္ချိန်ရောက်တော့လည်း ကိုယ်အသဲသန်
ဖတ်ခဲ့တဲ့ သီအိုရီပုစ္ဆာမျိုးမပါပဲ အလွယ် IQ Test ပုံစံ မေးခွန်းငယ်လေးတွေနဲ့။
တော်ပါသေးရဲ့။ ဖြေနိုင်တယ်ဆိုလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ ကိုယ့်ဘာသာမဟုတ်တော့
သူတို့လောက်ဘယ်မြန်မြန်ပြီးပါ့မလဲ။ ဒါပေမဲ့မဖြေနိုင်ဘူးဆိုတာထက်တော့သာသွားတာမို့
တော်ပါသေးရဲ့လို့။
နောက်လကုန်လောက်ထွက်မဲ့ကြေငြာချက်ဟာ ဘယ်လိုများပါလိမ့်။
Wednesday, September 23, 2009
အနှစ်ချုပ်ပြောချင်တဲ့ ဂျပန်ကအလုပ်သဘာဝ
အချိန်ပိုင်းအလုပ်အတော်များများမှာ တချို့ဟာ အလုပ်ဝင်ချိန်၊ထွက်ချိန်မှာ သန့်ရှင်းရေး၊ အိမ်သာစစ်ခြင်း၊
အမှိုက်ကောက်ခြင်း ၊ အမှိုက်ပစ်ခြင်း၊ အိမ်သာဆေးခြင်း စတဲ့ အလုပ်ရဲ့ အထွေထွေအောက်ခြေသိမ်းတွေ
ကအစ အလှည့်ကျလုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့်အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် အနည်းနဲ့အများတော့ အဲလိုမျိုးတွေ မပါမဖြစ်ပါမှာမို့
ခံနိုင်ရည် ရှိဖို့လိုပါတယ်။
ဂျပန်မှာအချိန်ပိုင်းလုပ်တဲ့အခါ စီနီယာသည်သာ နံပါတ်၁ ဆိုတာမျိုးတွေ့ရပါတယ်။ ကံမကောင်းလို့
မိမိရဲ့စီနီယာက စိတ်ထားမကောင်းသူမျိုးဆိုရင် အမျိုးမျိုးအခိုင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။
ဂျပန်လိုနိုင်ငံမျိုးမှာက နိုင်ငံမျိုးစုံကလူမျိုးစုံ လာရောက်မှီတင်းနေကြတာမို့ အမျိုးမျိုးသောလူစားတွေ
ကြုံရမှာဖြစ်ပါတယ်။
သူများကိုလည်းမစော်ကားဖို့နဲ့ စော်ကားတာလည်းမခံဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့် အလုပ်ကို
ကျွမ်းကျင်နိုင်နင်းအောင် လုပ်ပြသင့်ပြီး၊ တခုခုနည်းလမ်းမမှန်တာရှိရင်လဲ ဆိုင်က မန်နေဂျာထံ
ပြတ်သားယဉ်ကျေးစွာနဲ့တင်ပြနိုင်ရပါမယ်။ အလုပ်ကိုကျွမ်းကျင်တဲ့သူကို ဂျပန်မန်နေဂျာများဟာ
အလေးထားလေ့ရှိပါတယ်။
ဒါကြောင့်အလုပ်ကျွမ်းကျင်မှုနှင့်ဘာသာစကားတတ်ကျွမ်းမှုဟာ အရေးကြီးပါတယ်
ကိုယ်ကတော့ အချိန်ပိုင်းအလုပ်မှာအဆင်မပြေတာတွေရှိခဲ့ရင်
ဘယ်တော့မှ နောက်ကွယ်မှာ အချင်းချင်းပြောတာမျိုးတို့ လုပ်လေ့မရှိပါဘူး။ အချိန်ကုန်ပြီး ပြသနာကို
လည်း မဖြေရှင်းနိုင်ပါ။ တကြိမ်နှစ်ကြိမ်ခန့်စောင့်ကြည့်ပြီး မန်နေဂျာထံတိုက်ရိုက်ဆွေးနွေးပါတယ်။
အဲဒီအခါမှာ အလုပ်ကိုသေချာလုပ်သူဖြစ်တာမို့ အလုပ်ထွက်သွားတာမျိုးအဖြစ်မခံနိုင်တာရော နည်းလမ်း
မှန် တောင်းဆိုတာမျိုးဖြစ်တဲ့အခါ သေချာ ပြသနာကိုပြေလည်အောင်ဖြေရှင်းပေးတတ်ပါတယ်။ ဒီထက်
အကျိုးရှိတာတခုကတော့ တခုခုနည်းလမ်းမမှန်ရင် ယဉ်ကျေးပြတ်သားစွာ ဖွင့်ပြောတတ်သူမှန်းသိသွား
တဲ့အခါ အဲလိုမျိုးနောက်တခါမဖြစ်ရအောင် မန်နေဂျာတွေကိုယ်တိုင်က သတိထားပြီးတာဝန်ခွဲပေးလေ့
ရှိတာမို့ အလုပ်ဝန်လဲပေါ့ပါတယ်။
နောက်တစ်ခုက ဂျပန်တွေဟာ အိုင်းမိုင်းန ခိုတိုဘ လို့ခေါ်တဲ့ အဖြူမည်းမသဲကွဲတာမျိုး အလွန်ပြောလေ့
ရှိတတ်ပါတယ်။ အဲဒါကို ဘာလဲမသိဘူးလို့ မှန်းရခက်တဲ့လုပ်ရခက်တဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်သာအတည်
ဖြစ်သွားတတ်တာမျိုးပါ။ အဲလိုနေရာမျိုးမှာ ကိုယ်လုပ်သင့်တာကိုပဲ အားမနာပဲ ဆုံးဖြတ်ပြီးလုပ်သင့်ပါတယ်။
လုပ်ပေးလိုက်ပါမယ်လေဆိုတ မြန်မာပြည်မှာပဲထားခဲ့သင့်ပါတယ်။လုပ်သင့်တာကိုကျေပွန်အောင်လုပ်ပြီး
မလုပ်သင့်တာကို လုံးဝမလုပ်ပါနဲ့ လို့ အကြံပေးချင်ပါတယ်။
နောက်ဆုံးအရေးကြီးဆုံးတခုက အမျိုးသမီးတွေကိုပြောပြချင်တာပါ။
မိမိရဲ့ပုံစံ၊ တုံ့ပြန်မှုပေါ်မူတည်ပြီး ပေါက်ကရတွေအပြောခံရတာ ဟိုထိသည်ထိ ဆိုတာမျိုးတွေလဲ
ကြားဖူးနားဝရှိပါတယ်။ ဒါကိုရှောင်ရှားဖို့ ဂျပန်စကားကျွမ်းကျင်ဖို့လိုတယ်လို့ ထင်ပါတယ်။
ကြုံဖူးတာက လုပ်ဖူးတဲ့ဆိုင်က ဆိုင်ခေါင်းက စကားပြောရင် ဟိုဟာလုပ်လိုက်ဦးလေဆိုပြီး လက်ကို
လာပုတ်ပြီးပြောဖူးပါတယ်။ အဲဒီအခါ ကိုယ်က ယဉ်ကျေးမှုနဲ့ကိုင်ပေါက်ပါတယ်။ ဂျပန်ယဉ်ကျေးမှုမှာ
လက်ပုတ်ရင်မရိုင်းဘူးလားဟင်။ ငါတို့မြန်မာ့ယဉ်ကျေးမှုမှာတော့ လက်ပုတ်တာ အဆင့်မရှိတဲ့
ယောကျာင်္းတွေမှလုပ်တယ် လို့ သတ်မှတ်ကြတာ။ ပြောလိုက်တော့ သူမလုပ်တော့ပါဘူး။ ဒါကြောင့်
အစ က အရေးကြီးပါတယ်။ အစ ကို သည်းမခံရင် နောင်ဆိုတာမရှိပါဘူး။ ရှိရင်တော့ အလုပ်ထွက်ရုံပဲပေါ့။
:D
လူမျိုးတိုင်းမှာကောင်းသူရော မကောင်းသူရော ရောထွေးနေတတ်တာမျိုးပါ။ ဒါကြောင့် ဘာပဲကြုံကြုံ
ကိုယ်ကတော့ လူမျိုးဆိုတာနဲ့မဆုံးဖြတ်ပါဘူး။ နောက်တခုက မိမိက ကံကောင်းတယ် ဆိုးတယ်ဆိုတာ
မိမိပေါ်လဲမူတည်ပါတယ်။ ဘာဖြစ်ဖြစ်သည်းခံနေရင်တော့ အိမ်မှာ နေ့တိုင်းငိုနေရမှာပါ။ တထစ်ရှိတိုင်း
ရန်ဖြစ်ပြီး အလုပ်ထွက်ပြန်တော့လည်း အထွေထွေ စရိတ်တွေအတွက် အခက်ကြုံရဦးမှာပါ။ ဖြေရှင်းတတ်
ဖို့ပဲလိုပါတယ်။
မြစ်တစင်းမှာလှေလှော်ခရီးနှင်နေသလိုပေါ့ မြစ်ကကွေ့ရင်မိမိကလဲအလိုက်သင့်လေးလိုက်ကွေ့သွားတတ်
ဖို့လိုပါတယ်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
နောက်ကြုံမှပဲ ဂျပန်ရဲ့ပျော်စရာကောင်းတဲ့ လူနေမှုဘ၀အကြောင်းပြောပြပါဦးမယ်။
Monday, September 21, 2009
လတ်တလောဂျပန်နိုင်ငံအခြေအနေ (၃)
အချိန်ပိုင်းအလုပ်ဆိုတာ တနာရီယမ်းဘယ်လောက်နှုန်းဖြင့်တွက်ပါတယ်။
တပတ်၁ရက်မှ၅ရက် ဘယ်နှစ်နာရီမှဘယ်နှစ်နာရီစသဖြင့် အချိန်ပိုင်းအလိုက်လုပ်ရတာမျိုးပါ။
များသောအားဖြင့်နိုင်ငံခြားသားတွေလုပ်ကြတာစားသောက်ဆိုင်၊ကော်ဖီဆိုင်၊စတိုးဆိုင်၊အရက်ဆိုင်စသဖြင့်ပါ။
ယခင်ဂျပန်စီးပွားရေးတရှိန်ထိုးတက်နေစဉ်ကတော့လုပ်သားအင်အားလိုတာမို့ ဂျပန်ဘာသာတတ်တတ် မတတ်တတ် အလုပ်မရှားခဲ့ပါဘူး။ ခုတော့ ဘာသာစကားတတ်မှ၊အလုပ်လုပ်ခွင့်ရှိတဲ့ဗီဇာကိုင်ထားမှဆိုတာ
မျိုးတွေ စိစစ်လာပါတယ်။ ယခင်က အစားသောက်နှင့်အဖျော်ယမကာပိုင်းဟာ ပင်ပမ်းတာမို့ ဂျပန်အများစု
လုပ်လေ့မရှိပေမဲ့ ယခုတော့ အလုပ်လက်မဲ့တွေ အလုပ်ချိန်လျှော့ခံရတာတွေကြောင့် ဂျပန်တွေကိုယ်တိုင်
စားသောက်ဆိုင်လုပ်ငန်းခွင်ထဲကို အလုံးရင်းလိုက်လှိမ့်ဝင်လာတာကြောင့်ရယ်၊ အလုပ်ရှင်ဘက်ကကြည့်
လျှင်လည်း ဂျပန်စကားပြောကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံသားကိုခန့်ခြင်းဖြင့် အရောင်းကျနေတဲ့ဆိုင်ရဲ့
အဘက်ဘက်သော ၀န်ဆောင်မှုပေးနိုင်၊နားလည်ဖြေရှင်းနိုင်တာကြောင့်ရယ် ဒီလိုအကြောင်းတွေဖြင့်
နိုင်ငံခြားသားအလုပ်ကိုင်ရရှိရေးဟာ ပိုမိုကျပ်တည်းလာတာတွေ့ရပါတယ်။
စကားမတတ်လျှင်ပန်းကန်ဆေးလောက်တော့လုပ်လို့ရပါတယ် ဆိုတာ အရင်ခေတ်ကပါလို့ ဆိုရမလိုပါပဲ။
အရောင်းကျဆင်းလာတာနှင့်အတူ တချိန်လုံးအလုပ်များနေတာမဟုတ်တာကြောင့် ပန်းကန်ဆေးသီးသန့်
ရယ်လို့ သတ်သတ်ခန့်ထားတာမျိုးနည်းပါးလာပြီး စားပွဲထိုး၊ ပန်းကန်ဆေး၊ မီးဖိုထဲဝိုင်းကူ၊ သန့်ရှင်းရေး
စသဖြင့် အထွေထွေပတ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေ ပေါများလာပါတော့တယ်။
နိုင်ငံခြားသားတွေအများဆုံးလုပ်လေ့ရှိတဲ့အချိန်ပိုင်းအလုပ်တွေကတော့ ပန်းကန်ဆေး၊ စားပွဲထိုး၊ မီးဖိုချောင်
အကြော်လှော်အလှီးချွတ်၊ ၂၄နာရီစတိုးတွေရဲ့အရောင်းဝန်ထမ်း၊ ဟိုတယ်အခန်းရှင်း စတာတွေပါ။
ဂျပန်ပညာသင်လာကြတဲ့ကျောင်းသားအများစုဟာ ကျပ်သိန်းရာကျော်အကုန်ကျခံပြီးမှလာကြသူတွေမို့
အများစုဟာ တတ်နိုင်တဲ့မိသားစုမှဖြစ်ပြီး မိဘရိပ်အောက်မှာ ဘ၀ကိုရုန်းကန်ဖူးသူ နည်းပါးကြပါတယ်။
မိမိတုံးကတော့ဆယ်တန်းစာမေးပွဲအောင်ပြီးကွန်ပျူတာသင်တန်းတက်ပြီးတာနဲ့အပြင်အလုပ်ထွက်လုပ်တာ
ကိုအားမပေးပဲ ဘာသာစကားနှင့်အတတ်ပညာတခုခုဆက်သင်ယူဆည်းပူးစေချင်တဲ့ စည်းကမ်းကြီးတဲ့ဖခင် မသိအောင် မိခင်ကိုပဲတိတ်တိတ်လေးပြောပြီး အလုပ်ခိုးလျှောက်ဖူးပါတယ်။ City Mart Supermarketရဲ့
Cashierနေရာကိုပါ။ ငယ်လွန်းသေးတာမို့ (၁၇နှစ်ခန့်ပါ) သွက်လက်တာကိုသဘောကျသွားပုံပေါ်ပြီး
ဒုတိယအင်တာဗျူးထပ်ခေါ်ပြီး သမီးအရောင်းစာရေးလုပ်မလား Cashierကတော့သမီးကငယ်လည်းငယ်
လုပ်ငန်းအတွေ့ကြုံလဲမရှိတော့မဖြစ်နိုင်ဘူး။လို့မေးခံရတော့အိမ်မှာတည်းကမေကညည်းအဲလိုအမေးခံရရင်
ဘယ်လိုလုပ်မလဲ ပြောထားဖူးတော့ အဆင်သင့်အဖြေအသင့်နဲ့ Cashierရမှလုပ်ချင်ပါတယ်လို့ဆိုတော့
သမီးကိုဗျုးတာဘယ်သူလဲ မေးပြီး စဉ်းစားဦးမယ်ပြောပြီးပြန်လွှတ်ပေမဲ့ နောက်ရက်ကျတော့ ဘယ်နေ့က
စပြီးTrainingဆင်းပါလို့ဆိုတာမို့ အဲဒီမှာ ၃လခန့်ပဲလုပ်ဖြစ်ပါတယ်။ အအေးမိပြီးအလုပ်ကထွက်လိုက်တာ
မို့ပါ။ အဲဒီတည်းကအလုပ်လုပ်တာကိုသဘောကျသွားတာ ဆက်တိုက်ကို သင်တန်းတဖက်နဲ့အလုပ်လုပ်
ကျင့် ရသွားတာပါ။ ၂နှစ်လောက်ကြာတော့အဖေကသူသင်စေချင်တဲ့ဂျပန်စာကိုသင်တန်းသွားလိုက်
မသွားလိုက်စာလဲမကျက်တာမို့စိတ်ဆိုးတာမို့ အလုပ်ထွက်ခိုင်းခံရပါတယ်။ ကိုယ်က၀ါသနာမပါတာပါ။
ခေါင်းလဲမာသူမို့ အတင်းဖိအားပေးခံရရင် ပေကတ်ကတ်မလုပ်တတ်သူမို့။
အင်္ဂလိပ်စာကိုပဲသိပ်ဝါသနာပါခဲ့ပေမဲ့ ကိုယ့်ဘ၀မှာအဖေပေးတဲ့လမ်းကြောင်းကိုပဲလျှောက်ခဲ့ရင်းနဲ့
လုပ်ရင်းနဲ့ဝါသနာပါသွားတာမျိုးပါ။ စိတ်ပါသွားရင်တော့မရရအောင်လုပ်တတ်တာက၀သီပေါ့။ အလုပ်မရှိ
အိမ်မှာနေရင်တောင် ခြံထဲမှာမြတ်နှုတ်မယ်အပင်စိုက်မယ် အိမ်ခဏခဏရှင်းတာကိုပျင်းတာကလွဲရင်
အလကားနေတခုခုလျှောက်လုပ်တတ်တဲ့မိမိကိုယ်တိုင်ဂျပန်ကျောင်းလာတက်စဉ်က နေ့တိုင်းငိုခဲ့ဖူးတာပါ။
ပြောချင်တာက ဂျပန်ကအလုပ်ဆိုတာ မြန်မာပြည်မှာလုပ်ခဲ့တဲ့အလုပ်တွေနှင့်ယှဉ်ရင်တအားကိုပင်ပမ်းတယ်
ဆိုတာကိုပါ။
အဲဒါကို မြန်မာပြည်မှာတောင်အလုပ်မလုပ်လာခဲ့ဖူး ကိုယ်စားဖို့ထမင်းဟင်း ကိုယ့်ရှေ့အဆင်သင့်ဆိုတဲ့
ခလေးတွေဒီမှာကျောင်းလာတက်ရင် စိတ်ပိုင်းရော လူပိုင်းဆိုင်ရာရောအလွန်ပင်ပမ်းပါတယ်။ စာလည်းသင်၊
ကျောင်းခေါ်ချိန်ပြည့်အောင်လည်းမတက်လို့မရ၊ အချက်ပြုတ်ရော၊ အ၀တ်လျှော်ရော၊ အားလုံး မိမိဘာသာ လုပ်ရတဲ့အပြင် အလုပ်ပြေးလုပ်ပြီးကျောင်းစရိတ်၊အိမ်လခ၊စားစရိတ်၊ဖုံးခ၊အထွေထွေစရိတ်တွေလောက်ငှ
အောင် ရုန်းကန်ရတာ မလွယ်လှပါဘူး။ အဲဒီအထဲကမှ ဂျပန်ရဲ့အလုပ်ဆိုတာ နာရီနဲ့ပေးတာမျိုးမို့ သဘော
ကောင်းတဲ့ အလုပ်ရှင်တွေရှိကောင်းရှိပေမဲ့ ၅မိနစ်ငြိမ်နေရင်တောင် ကြိုက်ချင်တာမျိုးမဟုတ်ပါဘူး။
နဂိုတည်းက ဂျပန်ဆိုတာ အလုပ်သရဲရယ်လို့ နာမည်ကြီးလာတဲ့တိုင်းပြည်နှင့်လူမျိုးပါ။ ဒါကြောင့်လည်း
သေးငယ်ပြီး ငလျှင်လိုသဘာဝဘေးတွေကြောင့်ခဏခဏ ပြိုလဲပျက်စီးရတဲ့ ကျွန်းနိုင်ငံငယ်လေးဟာ
ဒီနေ့လို ကမ္ဘာ့အင်အားကြီးစက်မှုတနိုင်ငံအဖြစ်နေရာယူလာနိုင်ခဲ့တာလို့ တွေးကြည့်လျှင် သိနိုင်ပါတယ်။
ဒါကြောင့်ပန်းကန်ဆေးရင်တောင်စက်နဲ့ဆေးတာမို့အေးဆေးပါလို့ယူဆရင်မှားပါလိမ့်မယ်။ အလုပ်အရမ်း
များပြီး လူတအားဝင်တဲ့ဆိုင်တွေဆိုစားပွဲထိုးရော ပန်းကန်ဆေးရော မီးဖိုထဲကလူရော အသက်တောင်မရှုနိုင်
အောင် အလုပ်ချိန်က ပြီးသွားတာမျိုးပါ။
အလုပ်ချိန်က စားသောက်ဆိုင်တွေဆိုလျှင် မနက် နေ့လည်စာချိန်ဖြစ်တဲ့ ၁၀နာရီ(စတင်ပြင်ဆင်ချက်ပြုတ်)
ချိန်မှ နေ့လည် ၂ သို့ ၃နာရီခန့်အထိ တပိုင်းပါ။ ညနေရုံးလွှတ်ချိန် ၅နာရီခန့်မှ ည ၁၁ သို့ ၁၂နာရီခန့်ထိ
တပိုင်း။ ၂ပိုင်းလုပ်ရလေ့ရှိပါတယ်။ ၂၄နာရီစတိုးဆိုင်တွေမှာကတော့ များသောအားဖြင့် ဂျပန်တွေမလုပ်ချင်
တဲ့ ညသန်းခေါင်ပိုင်းနှင့် အဂုဏ်ချိန်တွေ လုပ်ရတာများလေ့ရှိပါတယ်။ ဒါကြောင့် ဂျပန်လာဖို့ပြင်ဆင်နေတဲ့
ကျောင်းသားဟာ ကျောင်းက မနက် ၉နာရီက ၁နာရီထိပဲ ၂နာရီကစပြီး တနေ့ ဘယ်နှစ်နာရီလုပ်လို့ရတယ်
လို့ စိတ်ရှိတိုင်း လျှောက်တွက်လို့မရပါဘူး။ များသောအားဖြင့် ၅နာရီကစတဲ့ အပိုင်းကိုပဲလုပ်လို့ရတာများပါ
တယ်။ တချို့ငွေများများရှာချင်တဲ့ကျောင်းသားတွေကတော့ ညလယ်တွေပါလုပ်ကြတာတွေရှိပေမဲ့ ကျန်းမာ
ရေးထိခိုက်စေပြီး ကျောင်းတက်ချိန်မှာလည်းအိပ်ငိုက်တာမို့ စာလဲမကျက်နိုင် ဖြစ်တာမို့အားမပေးချင်ပါဘူး။
ဂျပန်ရဲ့လူနေမှုရေစီး
ဒါ့အပြင် မြန်မာပြည်မှာလို တခုခုမလုပ်တတ်ရင် သူငယ်ချင်းရေလိုက်ပေးပါဦး လုပ်မရတာမျိုးပါ။ အားလုံးဟာ
အချိန်ရှားခြင်း၊ ပင်ပမ်းခြင်း၊ ရုန်းကန်ခြင်းတွေနှင့်နပမ်းလုံးနေရပြီး တောင်မင်းကိုမြောက်မင်းမကယ်နိုင်
မြောက်မင်းကို တောင်မင်းမကယ်နိုင်ဆိုတာမျိုးပါ။ ဒါကြောင့် စာရွက်စာတမ်းကိစ္စတွေ ရုံးဌာန၊ ဆေးခန်းသွား
ရမှာမျိုးတွေရှိလာရင် ဆရာမသို့အသိကိုမေးပြီးမြေပုံလေးကိုင်ပြီး မိမိဘာသာ မေးစမ်းဦးဆောင် လုပ်ရတာမျိုး
ပါ။ ဒါကိုသူငယ်ချင်းမပီသဘူးလို့ စိတ်ဆိုးတတ်မယ်ဆိုရင် မိမိရဲ့ပတ်ဝန်းကျင်အပေါင်းသင်း လူမှုအသိုင်းဝိုင်း
လေး ကျဉ်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ဂျပန်မလာခင်ကတည်းက မိမိခြေပေါ်မိမိရပ်နိုင်အောင် တကိုယ်ရေ
ကိစ္စတွေကို မိမိဘာသာ လုပ်တတ်တဲ့ အလေ့ကျင့်လေးမွေးပေးထားဖို့လိုပါတယ်။ မြန်မာပြည်မှာက
ကျောင်းလျှောက်ပြီဆိုရင် မိဘက အစဆုံးလိုက်လုပ်ပေးတတ်တာများပါတယ်။မိမိတုံးကတော့စာရွက်စာတမ်း
အားလုံးတယောက်တည်းအပြေးလွှားအားလုံးအပြီးစီးမိမိဘာသာလုပ်ပြီး ငွေပေးရမယ့်နေ့မှာအမေကလိုက်
ပြီးငွေပေးပေးတယ်။ အဲလို အလေ့ကျင့်ရှိထားတော့ တကိုယ်ရေဘ၀မှာပင်ပမ်းလို့ငိုခဲ့ဖူးတဲ့ရက်တွေ ရှိပေမယ့် ဂျပန်ရောက်တော့မြေပုံတရွက်နှင့်တွေ့တဲ့သူမေးပြီးဘာမဆိုလုပ်ရလွယ်ခဲ့ပါတယ်။
တဦးနဲ့တဦးဖုံးဆက်ဖို့တောင် အားတဲ့အချိန်ချင်းတိုက်ဖို့တခါတလေ ၄၊၅၊ရက်တပတ်ကြာတာမျိုးပါ။
နောက်ဆုံးပြောချင်တာကတော့ လောကမှာမဖြစ်နိုင်ဘူးဆိုတာကတော့မရှိပါဘူး။ ကြိုးစားရင်ဘာမဆို
ဖြစ်နိုင်ပါတယ်။ ဆန္ဒနှင့်ကြိုးစားမှုပဲအရေးကြီးဆုံးလိုအပ်ပါတယ်။ အဲဒါမရှိရင်တော့ဘာမှလုပ်လို့အဆင်
ချောမှာ ဖြစ်မြောက်အောင်မြင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
ဒါ့အပြင်လူဆိုတာကိုယ်စီကိုယ်စီအားသာချက်အားနည်းချက်တွေကွဲပြားကြတာမို့ အတွေးမြင်ခံစားချက်
ခံနိုင်ရည်နှင့်ယူဆပုံလည်းတူကြမှာမဟုတ်ပါဘူး။ ဒီစာလေးဖတ်ပြီး မိမိနှင့်ကိုက်ညီအောင် တွေးတော
ချိန်ညှိသွားနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ။
Sunday, September 20, 2009
လတ်တလောဂျပန်နိုင်ငံအခြေအနေ (၂)
ကြီးကြပ်ရေးနှင့်နိုင်ငံခြားသားများနှင့်ဆိုင်သောဥပဒေများပါ တင်းကြပ်လာတာမို့ တရားမ၀င်နေထိုင်သူ
အတော်များများပြည်တော်ပြန်ရရုံတင်မဟုတ်ဘဲ ကျောင်း၊ အလုပ် စသည့် တရားဝင်ဗီဇာဖြင့် နေထိုင်သူများပါ အနေကြပ်လာခဲ့တာပါ။ အထက်ကစည်းမျဉ်းတင်းကျပ်လာတာမို့ ဆိုင်အများစုဟာ
ကျောင်းသားဆိုလျှင်တရက်၎နာရီထက်ပိုပေးမလုပ်ရဲလာတာတွေ တွေ့လာရပါတယ်။ အလည်ဗီဇာနဲ့လာပြီး ရောက်ရင်အလုပ်လုပ်လေ့ရှိသူတွေဆို ပြန်ခါနီးထိ အလုပ်မရတာမျိုးတွေ ရှိလာပါတယ်။
နောက်တခုကတော့ဂျပန်မှာကျောင်းတက်ပြီး ကျောင်းတက်နေစဉ်ကာလမှာ အလုပ်တဖက်၊စာတဖက်မို့
စာမကျေညက်ပဲ လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်လောက်သော အရည်ချင်းမမွေးနိုင်တာမို့ တရားဝင်အလုပ်လဲ မရှာတွေ့နိုင်၊ လက်မှတ်ရရုံဖြင့်ကျောင်းပြီးသွားသူတွေလုပ်လေ့ရှိတာက အလုပ်ဗီဇာဝယ်တာပါ။ တနည်း
ဆိုရလျှင် ကုမဏီတခုမှာဝန်ထမ်းဖြစ်ကြောင်း ဗီဇာလျှောက်တာပါ။ ဒီလိုဗီဇာမျိုးဟာလည်း စုံစမ်းတွေ့ရှိသွား ရင် ဗီဇာရုပ်သိမ်းခံရတာမျိုးမို့ အားမပေးချင်ပါဘူး။
နောက်တမျိုးကတော့ ဂျပန်လူမျိုးနဲ့ဟန်ဆောင်လက်ထပ်ပြီး လက်ထပ်ဗီဇာလျှောက်ခြင်းပါ။ ဒါကိုလည်း
လတ်တလောမှာ လူဝင်မှုကြီးကြပ်ရေးဌာနက ၆လအတူမနေကြောင်းစုံစမ်းတွေ့ရှိရင် ဗီဇာရုပ်သိမ်းပါတယ်။
ဒါကြောင့် ကျောင်းသားဆိုလျှင်လည်း ကျောင်းကို သေချာတက်ပြီး မိမိလည်းစိတ်ဝင်စား ဂျပန်မှာအလုပ်လဲ
ခန့်အပ်ခံရဖို့ရာခိုင်နှုန်းများသော ဘာသာရပ်ကိုရွေးချယ်ပြီး တကယ်တတ်မြောက်အောင် သင်ကြားကြိုးစား
စေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ရာ ဂျပန်ရဲ့ပညာရေးစနစ်နဲ့ မြန်မာလူမျိုးတွေအကြား ဟနေတဲ့အချက် အခက်ခဲ
ဟာ ဂျပန်ဘာသာပါပဲ။ ဒီမှာကျောင်းပြီးပြီး အလုပ်ဝင်နိုင်ဖို့ဆိုတာ ဂျပန်စာမရလို့မဖြစ်ပါဘူး။ စင်္ကာပူလို
နိုင်ငံမျိုးကျောင်းသွားတက်ပြီးစာကျက်တာ သင်ရိုးညွှန်းတမ်းက အင်္ဂလိပ်စာမို့ မြန်မာတွေအတွက် အခက်ခဲ
သိပ်ရှိမယ်လို့မထင်ပါဘူး။ သူငယ်တန်းထဲကမြင်ဖူးလာတဲ့အင်္ဂလိပ်စာမို့ပါ။ ဂျပန်စာကတော့ ၂နှစ်လောက် အတွင်း ကျားကုတ်ကျားခဲသင်ကြားရတာမို့ ဂျပန်စာဖြင့်ရေးသားသော ပညာရပ်ဆိုင်ရာ သင်ရိုးတွေဟာ
ခက်တာအမှန်ပါ။ ဒါ့အပြင် ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးခွန် အကုန်ကျတွေများ တာမို့ ဂျပန်လာကျောင်းတက်သူတွေ အလုပ်မလုပ်လျှင် အလျှင်မမီနိုင်ကြပါဘူး။ ဒါကြောင့် ဂျပန်ရောက်မှ
ဂျပန်စာလုပ်မယ်လို့စဉ်းစားလာသူမှန်ရင် အခက်ကြုံပင်ပမ်းမှာမလွဲပါဘူး။ ဂျပန်စာကို မြန်မာပြည်မှာတည်းက
ဖြစ်နိုင်ရင် စာမေးပွဲ အဆင့်၁၊ အနည်းဆုံးအဆင့်၂ကိုတော့ အောင်အောင်လုပ်လာဖို့လိုကြောင်း အကြံ
ပေးလိုပါတယ်။
ဂျပန်မှာ ကျောင်းသားတွေဟာအပင်ပမ်းဆုံးလို့ဆိုရပါမယ်။ စာတဖက် အလုပ်တဖက်နဲ့ အိမ်ကိုငွေပို့ချင်သူ
ဆိုလျှင် ပိုလို့တောင် အပူတွေများပါလိမ့်မယ်။ ကျောင်းသားကတော့ အိမ်ငွေပို့ဖို့ဆိုတာသိပ်မလွယ်ပါဘူး။
(နောက်ရက်မှာတော့အချိန်ပိုင်းအလုပ်တွေအကြောင်းဆက်ပါဦးမည်)
Friday, September 18, 2009
လတ်တလောဂျပန်နိုင်ငံအခြေအနေ
အတော်များများကဂျပန်သွားရင်ငွေအများကြီးရှာလို့ရတယ်လို့သာသိကြတာ။
တကယ်လဲ ရပါတယ်။ ကျောင်းသားတောင်မှအချိန်ပိုင်းအလုပ်လုပ်ရင် တိုကျိုမှာဆိုရင်
ယမ်း ၈၅၀ ကနေ ၁၀၀၀ကြား ရတာမို့ မြန်မာငွေနဲ့တွက်ကြည့်ရင် တနာရီ တသောင်းကျပ်ခန့်
ရနေတာမျိုးပါ။ နယ်ဘက်တွေဆိုရင်တော့ တိုကျိုနဲ့ယမ်း၁၀၀ မှ ၂၀၀ကြားကွာဟနိုင်ပါတယ်။
ဂျပန်ခေတ်ကောင်းစဉ်က ဂျပန်လာတဲ့သူတိုင်း စကားတတ်တတ်မတတ်တတ် ပန်းကန်ဆေးလောက်တော့
စလုပ်လို့ရပါတယ်။ အလုပ်မရှားပါဘူး။
ဒါပေမဲ့ ယနေ့ခေတ် ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဂျပန်ကတော့ ကမ္ဘာ့စီးပွားဆုတ်ကပ်နဲ့အတူ
ခေတ်ကျပ်ကြီးထဲက ဂျပန်ဖြစ်လို့ နေပါတယ်။ ယခင်ကဆိုရင်ဂျပန်ကုမဏီများရဲ့အမြဲတမ်းဝန်ထမ်းစနစ်ဟာ
သိပ်ကို ကောင်းမွန်ခဲ့တာပါ။ ကုမဏီကြီး(ကော်ပိုရေးရှင်းကြီးများ)ရဲ့အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရပြီ
ဆိုလျှင် ပင်စင်ယူသည်အထိပူစရာမလိုတော့လောက်အောင် ကုမဏီကြီးတွေဟာဝန်ထမ်းတွေရဲ့လူမှုဘ၀ကို
အစစအရာရာစောင့်ရှောက်ကာကွယ်ပေးနိုင်ခဲ့တဲ့စနစ်မျိုးပါ။
ယနေ့ခေတ်ဂျပန်မှာတော့အလုပ်ချိန်လျှော့တာတွေပေါများလာပြီး
တချို့ကုပ္မဏီများဟာဆိုရင် လပေးဝန်ထမ်းတောင်မခန့်ပဲ အချိန်ပိုင်း(တနာရီလုပ်ခပေးနှုန်းဖြင့်)
ဝန်ထမ်းများကို ခန့်ခြင်းဖြင့် အလုပ်ချိန် တိုးလွယ်လျှော့လွယ် လူလျှော့ဖို့လွယ်သော စနစ်ကို
ကျင့်သုံးနေကြပါတယ်။
ဒါကြောင့်ဂျပန်များကိုယ်တိုင်က ၀င်ငွေသေချာတွက်မရတဲ့ အလုပ်လက်မဲ့လည်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့
ခေတ်ကျပ်ထဲမှာ အသုံးအစွဲတွေချွေတာလာကြပါတယ်။ ဒါကြောင့် မြန်မာအတော်များများ အချိန်ပိုင်းအလုပ်
လုပ်လေ့ရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေဟာ ဖြုတ်ပစ်တဲ့ဆိုင်တွေရှိလာသလို လူဝင်နည်းတာကြောင့်
အချိန်လျှော့၊လူလျှော့တာတွေရှိလာပါတယ်။ အလုပ်လဲရှာရခက်လာပါတယ်။
နောက်အကြောင်းချက်တစ်ခုကတော့ အလုပ်လက်မဲ့တွေပေါများလာတဲ့ဂျပန်နိုင်ငံသားတွေကို
အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့ အစိုးရဟာ အမျိုးမျိုးသော စီမံကိန်းတွေ၊ ပံ့ပိုးရေးအစီစဉ်တွေ
ချမှတ်လာပြီး၊ ယင်းအပြင် နိုင်ငံခြားသားများက ကျူးလွန်သောပြစ်မှုတွေတိုးပွားလာတာကို အကြောင်းပြုပြီး ဂျပန်မှာနေထိုင်သောနိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေကိုတင်းကျပ်လာခြင်းပဲဖြစ်ပါတယ်။
ဒီလိုတင်းကျပ်လာခြင်းဟာ တရားမ၀င်နေထိုင်သောနိုင်ငံခြားသားတွေကိုသာလျှင်အကျိုးသက်ရောက်စေတာ
မဟုတ်ပါဘူး။ သာဓကအနေဖြင့် ဂျပန်မှာ တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအတော်များများဟာ
ဗီဇာရက်လွန်နေထိုင်မှုဖြင့် စစ်ဆေးဖမ်းဆီးခံရပြီး အတော်များများက မြန်မာပြည်ပြန်ခဲ့ကြရပါပြီ။
ယင်းအပြင် ဂျပန်အစိုးရဟာ နိုင်ငံခြားသားများရဲ့ကိုယ်ရေးအချက်လက်ကို ပိုမိုပြည့်စုံစွာ စစ်ဆေးခြေရာခံနိုင်
ဖို့ရာအတွက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားထုတ်ပေးရေးကို ခရိုင်ရုံးထုတ်ပေးနေခြင်းကို ရပ်ဆိုင်းပြီး
လူဝင်မှုကြီးကြပ်ရေးဌာနက တိုက်ရိုက်ကိုင်တွယ်သွားမဲ့ဥပဒေတရပ်ကိုလည်း အတည်ပြုလိုက်ပါတယ်။
ယင်းအပြင် အခြားစနစ်တရပ်အတည်ပြုမဲခံယူဖို့ရာ လွှတ်တော်တင်သွင်းနေတယ်လို့ ကြားရပြီး မသေချာသေးပေမဲ့ ယင်းစနစ်သာအတည်ဖြစ်လာခဲ့လျှင် နိုင်ငံခြားသားကဒ်အတွင်းမှာ မိုက်ခရိုချစ်ပ်တခု
ထည့်သွင်းထားပြီး စစ်ဆေးလိုက်သောအခါမှာ ကိုယ်ရေးအချက်လက်အပြည့်စုံ ဥပမာ ကျောင်းသားဆိုလျှင်
ကျောင်းတက်ချိန်မှအစ ဖော်ပြပါရှိမယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျောင်းချိန်အတွင်း အပြင်ရောက်နေခဲ့လျှင်
တောင် စစ်ဆေးမေးမြန်းခံရမှာဖြစ်ပါတယ်။
အချိန်ပိုင်းအလုပ်များအကြောင်း ဆက်ပါဦးမည်
Thursday, September 17, 2009
အေးစပြုလာတဲ့တိုကျို
စခံစားမိတယ်။ ပထမတရက်နှစ်ရက်ကလည်းအေးသလိုလိုတော့ရှိသား။
အိမ်ကို၇မိနစ်လောက်လမ်းလျှောက်ဖို့တောင်စိတ်ညစ်သွားတယ်
မလာနဲ့တော့လို့ကိုယ်ကပြောပေမယ့် သူကစက်ဘီးနဲ့လာကြိုတော့ပျော်သွားတယ်
ဒီနေ့ကျတော့လည်းအေးစိမ့်နေတာပဲ မနက် ၁၀နာရီလောက်အပြင်ထွက်တော့လည်း
အေးစိမ့်နေတယ်
ခုနေ့လည်၂နာရီရောက်တော့လည်းအေးစိမ့်နေတုံးပဲ။ နေကိုမမြင်ရဘူး။
ယနေ့က မိုးရွာနိုင်ခြေရှိသတဲ့။ ၁၉ ကနေ ၂၃ဒီဂရီစင်တီဂရိတ်ပါတဲ့။
အိုး ဟုတ်ပါ့ ၂၃ဆိုတော့နည်းနည်းအေးတာပေါ့။
ဂျပန်ဆောင်းကိုကြုံဖူးထားတာမို့ အအေးကြောက်ပြီး နွေရာသီ မြန်မာပြည်မှာတောင်
အဲကွန်းဖွင့်ရပါစေ စောင်ခြုံအိပ်တဲ့ကိုယ် ပြင်ဆင်ရေးစရပါတော့မယ်
သိမ်းထားတဲ့အနွေးထည်တွေထုတ် ၀ယ်တန်တာဝယ် အကျီ င်္တွေကို နေရာပြန်ချရပါဦးမယ်
Thursday, September 10, 2009
ရောက်ရာပေါက်ရာ
ဘလော့ဂ်ရေးချင်ရက်ရေးစရာရှာမရဖြစ်နေသည်။
ပြီးခဲ့တဲ့၃ရက်ဆက်တိုက် မနားတမ်းပြေးလွှားခဲ့ရတာမို့ နားချင်လိုက်တာဟု တွေးမိပါသည်
ယနေ့တနေ့လုံးအိမ်မှာနားပါသည်။
မနက်ပိုင်းသူငယ်ချင်းကစာအုပ်သွားဝယ်မှာမို့ အဖော်စပ်တာတောင် မလိုက်ဖြစ်ပါ။
အ၀တ်လျှော်၊ သန့်ရှင်းရေး၊ ဘလော့ဂ်ဖတ်ခြင်း၊ သူငယ်ချင်းများနှင့်ဖုံးပြောခြင်း၊ တရေးအိပ်ခြင်း
တခုပြီးတခုလုပ်ပါသည်။
အဲသလိုနှင့် ညနေ ၆နာရီထိုးတော့မည်။
ပျင်းလို့တီဗွီဖွင့်ကြည့်တော့ လွန်ခဲ့တဲ့၂လလောက်တည်းက ဆေးခြောက်မှုနဲ့အဖမ်းခံရတဲ့မင်းသမီး
(မြန်မာပြည်မှာတော့ အိုင်းယ ဟု အမည်ကျော်ခဲ့ဖူးသူ)အကြောင်းလွှင့်နေတာနဲ့တိုးတော့
စိတ်ပိန်ပါသည်။ ပြီး ပြီးနိုင်ဘူး ဟု သတင်းစီးဆင်းမှုလွန်ကဲခြင်းကို စိတ်ပျက်မိသည်။
တခြားလိုင်းမပြောင်းပါ။ အဲဒီလိုင်းနာမည်ကြီးတဲ့အပြင် တခြားသတင်းဘာလာမလဲ
ကြည့်ချင်တာရယ် ဘလော့ဂ်ရေးနေတာရယ်ကြောင့် အခန့်သင့်ဖြစ်သွားပါသည်။
အား ကြည့်ချင်တာလာနေပါပြီ။ အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတနှင့်
ကတော်အကြောင်းပါ။ ယင်းသို့သောအကြောင်းများကို အလွန်ဝါသနာပါပါသည်။
သူတို့ဘယ်လိုဘ၀ကို ဖြတ်သန်းလာသလဲ ဆိုတာကိုပါ။
အိုဘားမားဆိုလျှင် အတ္ထုပတ္တိစာအုပ်ပင်ဝယ်ထားပါသည်။ လူကိုကြိုက်သည်မကြိုက်သည်
ကိုယ်မဝေဖန်လိုပါ။ သို့ငြား ဒီလိုအခြေနေရောက်အောင်ကြိုးစားအောင်မြင်လာခဲ့သူကိုတော့
ကိုယ်ကြိုက်ပါသည်။ လေးစားပါသည်။ အတုယူပါသည်။

တခါတလေတော့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုမှာ နေရတာ
ငြီးငွေ့မိပါသည်။ မခင်ဦးမေလို ခဏခဏပြန်ကြည့်ချင်သား။ နီးရင်တော့ကောင်းပေမည်။
ပဲခူးကိုလည်းရထားစီးကြည့်ချင်ပါသည်။ ရန်ကုန်မှာရှိစဉ် မြို့ပတ်ရထားသူစီးချင်သည်ဆိုတော့
ကိုယ်လိုက်ပို့ဖူးပါသည်။ ရထားပေါ်ရောက်တော့ လူတွေပစ္စည်းတွေအပြည့် ရပ်စီးရတာ
ပြသနာမရှိငြား ရထားခပ်မှောင်မှောင် အနံ့အသက်စုံလင်စွာဖြင့် ရှေ့မှာထိုင်နေသော သားအမိနှစ်ဦး
သန်းရှာနေသည်ကိုကြည့်ပြီး တပတ်စီးမယ်နော် ၃ခါလောက်ပူဆာခဲ့သူက နောက်မှတ်တိုင်ဆင်းကြ
မလား ဆိုလာတော့ ကိုယ်ရယ်ခဲ့ဖူးပါသည်။ အဲလိုနဲ့ တွဲနှစ်ခုကြားအစပ်မှာ နှစ်ယောက်သားရပ်စီးရင်း
တပတ်ပြည့်သွားပါသည်။ ပြီးတော့လှည်းတန်းမှာဆင်းပြီး ကိုယ်ကြိုက်သော အမဲအူပြုတ်နှင့် တုတ်ထိုး
သွားစားကြပါသည်။
သူငယ်ချင်းထံမှဖုံးလာတော့ စကားပြောလိုက်တာ ၇နာရီထိုးပေတော့မည်။ ပြောနေဆဲဖုံးထပ်ဝင်လာသည်။
အမျိုးသားထံမှ။ သူပြောသော အိမ်သာထဲနားချိန်မှာ ဆက်ခြင်းဖြစ်ပေမည်။ မကိုင်ဖြစ်ပါ။
ပြီးတော့စာအုပ်သွားဝယ်သောသူငယ်ချင်းထံဖုံးဆက်ပါသည်။သူ့ကိုစိတ်ပူလို့ပါ။ဂျပန်ရောက်တာ၂နှစ်ခန့်မှာ
ကိုယ်နဲ့ပြီးခဲ့တဲ့အပတ်တွေ့ခဲ့စဉ်က သူခုလိုတယောက်တည်းရထားစီးလာတာပထမဆုံးပဲဆိုလို့
လမ်းမှတ်မိပါ့မလားကိုယ်စိတ်ပူပါသည်။ သူငယ်ချင်းက ဒီနှစ်လယ်ဘယ်၁ ဖြေမှာမို့ပါ။ ဘယ်သူ့မှ
ဖွင့်မပြောရန် သူနဲ့ကိုယ်သဘောတူညီချက်ယူထားပါသည်။ ဘာကြောင့်ဆို အောင်လျှင်မချီးမွမ်းတတ်ပဲ
ကျမည်ဟုထင်လျှင်ခဏခဏမေးတတ်သော လူအချို့ဒီလောကတွင်ရှိတတ်လို့ပါ။
ကိုယ်ဆိုလဲ မနှစ်က ကျမှာသေချာသောစာမေးပွဲဖြစ်သဖြင့် ခဏခဏ အောင်စာရင်းအမေးခံရပါသည်။
ယခုနှစ်တော့ အောင်ရင်အောင်မှာလို့ ယူဆခံရသဖြင့် ခင်မင်ရင်းနှီးစစ်မှန်သော သူငယ်ချင်းများမှအပ
အမေးမခံရပါ။ တကယ်ဆိုဂျပန်စာ အတူသင်ခဲ့စဉ် သူက အတန်းထဲမှာအမြဲပထမ ကိုယ်က ပထမ ၁ကြိမ်ပဲရဖူးပါသည် များသောအားဖြင့် ၂၊ ၃၊၄ မှာသွားတန်းစီနေတတ်ပါသည်။
မောပေပြီ။ ဟင်းချက်ကာ ရေချိုးလိုက်ပေဦးမည်။