Friday, August 21, 2009

မှတ်မှတ်ရရများ

တနေ့ကတော့ချိန်းပွဲတွေများပါတယ်
အိမ်ပြောင်းတာမို့ရပ်ကွက်ရုံးသွားလိပ်စာပြောင်း၊ ကျန်းမာရေးအာမခံကဒ်လုပ်ပြီး
အပြန်ကျတော့ခင်တဲ့သူငယ်ချင်းအမအိမ်ဝင်ပါတယ်
အမရဲ့သူငယ်ချင်းတွေကြားသိပ်နာမည်ကျော်တဲ့အမလက်ရာခေါက်ဆွဲသုပ်စားပြီးဆွေမျိုးမေ့သွားပါရော
ဟင်းချိုလေးပါပါလိုက်သေး



၅နာရီမထိုးတထိုးအပြေးလွှားနဲ့မတွေ့တာ၎နှစ်လောက်ရှိတဲ့
တိုကျိုမှာတက္ကသိုလ်တက်နေတဲ့သူနဲ့တွေ့ဖို့ ရှင်ဂျုကုကိုပြေးပါတယ်
ထွက်ပေါက်တွေသိပ်များတဲ့ရှင်ဂျုကုဘူတာမှာသူငယ်ချင်းနဲ့လွဲနေပုံများသိပ်ရယ်ရပါတယ်
ကိုယ်ကအနောက်ပေါက်ရှေ့တည့်တည့်မှာ ရာမနိုတဲလိုင်းနော်လို့သေချာပြောသော်ငြား
သူငယ်ချင်းက ခဲအိုးလိုင်းအပေါက်ရှေ့စောင့်နေတာမို့ပါ
အဆုံးတော့ရှာဖွေတွေ့ရှိသွားပါတယ်။ ရင်ခုန်စရာကြီးပါ။
သူငယ်ချင်းကပန်းသွေးရောင်ပြေးနေတဲ့မျက်နှာနဲ့အရမ်းပိုလှလာပါတယ်။
နှစ်ယောက်သားကော်ဖီဆိုင်ထိုင်၂နာရီလောက်စကားတွေပြော
ပြီးတော့ရှင်ဂျုကုတပတ် ပတ်ပါတယ်

မတရားစွပ်စပ်ဈေးချနေတဲ့ခါးပတ်တွေထဲမှာ ရွေရောင်ခါးပတ်လေး၂ခု ၀ယ်ပါတယ်
ခေါက်ဆွဲသုပ်ကျွေးတဲ့အမ က နက်ဖြန်အိမ်လာမှာမို့သူ့အတွက်ပါပေါ့
အမက အလှအလွန်ကြိုက်တာမို့ပါ။



ပြီးတော့သူငယ်ချင်းနဲ့ရှင်ဂျုကုမှာနာမည်ကြီးတဲ့အသီးနှံတုတ်ထိုးတယောက်တချောင်းစားပါတယ်
ပြီးတော့ဖိနပ်ဆိုဈေးချတော့နှစ်ယောက်သားဝင်ကြည့်ရင်း အကြိုက်လည်းတူ ဆိုဒ်လဲတူ
ဆင်တူ ဖိနပ် ၁ရံစီဝယ်ပါတယ် ၅ထောင်ကျော်တန်ကို ယမ်း၁၀၅၀နဲ့ပါ

~ ~~ ~

ပြီးတော့ညစာစားဖို့အလွန်စည်ပြီးဆိုင်တွေမိုးထိုးနေတဲ့တိုကျိုမြို့လယ်ခေါင်မှာ
နှစ်ယောက်သားစားသောက်ဆိုင်ရှာတာ၁နာရီလောက်ကြာပါတယ် :D
နောက်ဆုံးတော့ထိုင်းစားသောက်ဆိုင်မှာထိုင်ဖြစ်ပါတယ်
အရသာလဲရှိအပြင်ဆင်လဲလှတော့ဓါတ်ပုံရိုက်ချင်ပေမဲ့
နံနက်အိမ်ကထွက်လာတည်းကဖုံးက လမ်းမှာ မြေပုံကိုလဲ ဖုံးနဲ့ခဏခဏကြည့်ထားတော့
ဓါတ်ခဲကအားကုန်သွားပါပြီ
အိမ်ပြန်ရောက်တော့ ယောကျာင်္းကစိတ်ကောက်ချင်နေပြီ အဟားဟား
ဘယ်ရမလဲ သူ့အတွကရေခဲချောင်း၂ချောင်းဝယ်သွားပေလို့ပေါ့

မနေ့ကတော့အမကလာလည်တာမို့ဘူတာမှာသွားကြိုပါတယ်
ကြက်သားဟင်းခပ်စပ်စပ်နဲ့အသီးရွက်ချိုကြော်ချက်ကျွေးပါတယ်
အမက ၀ယ်လာတဲ့ကိတ်မုန့်ကဆီဒိုးနားကကိတ်နဲ့အရသာချွတ်စွပ်နီးပါး
အတော်စားလို့ကောင်းပြီးကြီးတော့
နှစ်ယောက်သားမနေ့က တ၀က် ယနေ့ညတ၀က်စားပါမည်
:D
တကယ်တော့ကိတ်ဆိုကိုယ်က ချိစ်ကိတ်ကလွဲလို့မစားပါ
တိုက်ဆိုင်စွာ အလွန်ကံကောင်းပါသည်

~~



အဲလိုနဲ့ထပ်မံရှုပ်ယှက်ခက်စွာနှစ်ရက်တာကုန်ဆုံးသွားပါသည်

2 comments:

မိုးကောင်းသူ said...

ရွှေရောင် ခါးပတ်ကြိုက်တယ်။

ကျော်နှင်းဆီလွင် said...

အဲလိုမှန်းသိရင်မအတွက်
၁ခုပိုဝယ်တာပေါ့
:D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates